34

1K 28 0
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ(အပိုင်း ၃၄)

"ရော့....ရေကိုပြောင်အောင်သုတ်"

"မမခင် သုတ်ပေးလေ"

ကလေးချီထားသည့် ခင့်ကိုပြန်ခိုင်းနေ၍ ခင်သူ့ကိုခပ်တည်တည်ကြည့်လိုက်လျှင် မထုံတတ်တေးနှင့်လက်ထဲက သပတ်ကိုယူသွားလေသည်။ ရေချိုးတော့လည်းဆပ်ပြာတောင်သေချာတိုက်ရဲ့လားမသိ။ ကျားလိုက်သလိုအသည်းအသန်ချိုးလေသည်။ အိမ်ထဲရောက်တော့လည်းတစ်ခါ ရေတောင်ကိုယ့်ဘာသာမသုတ်ချင်တော့သည့် လင်တော်မောင်ကြောင့် စိတ်ကိုမနည်းရှည်အောင် နေနေရလေသည်။

"မသုတ်ပေးချင်လည်း ကိုယ့်ဘာသာလုပ်နေပြီပဲကို မျက်နှာကြီးကလည်းဗျာ"

"ဘာကို မျက်နှာကြီးကလည်းလဲ။ အစကတည်းက ကိုယ့်ဘာသာလုပ်ရမှာမသိဘူးလား။ဒီက ကလေးတစ်ဖက်နဲ့အကုန်လိုက်လုပ်ပေးနေရမှာလား"

"မောင် မှားသွားပါတယ်မမခင်ရယ်။ဟုတ်ပြီလား"

"သိရင် ပြီးတာပဲ"

"သိပါပြီဗျာ...သိပါပြီ။ နောက်ဆိုကိုယ့်ဘာသာလုပ်ပါ့မယ်။မမခင်ကို မခိုင်းတော့ပါဘူး"

"ဘာလဲ...ငါ့ကိုရွဲ့တာလား"

"မဟုတ်ပါဘူး...မလုပ်ပေးချင်တာကို ကိုယ့်ဘာသာလုပ်ပြီးမခိုင်းမိအောင် သတိထားမလို့ပါ"

သူစူပုတ်ပုတ်နှင့် မျက်နှာရေသုတ်နေသည့်အခါ ခင်စိုက်ကြည့်နေမိသည်။ ပြီးမှသမီးကိုပုခက်ထဲထည့်လွှဲကာ သူ့အနားပြန်လာပြီး လက်ထဲကသပတ်ကိုယူလိုက်၏။ ရုတ်တရက်မို့ချစ်လွန်းကို ခင့်ကိုငေးကြည့်နေလေသည်။

"ငါနဲ့မယူခင်တုန်းက ဘယ်သူကနင့်ကိုဒီလိုတွေလုပ်ပေးလဲ။ အရင်တုန်းကလည်း ကိုယ့်ဘာသာလုပ်ရတာမဟုတ်ဘူးလား"

ခင်က ပွစိပွစိပြောကာ သူ့ကိုလည်းရေသုတ်ပေးနေလေသည်။ စိတ်မရှည်သလို လုပ်ပေးနေသော်လည်းသူကတော့ ကြည်နူးနေလေသည်။ ရေသုတ်ပေးနေသည့်ခင့်ကို ခါးကနေလှမ်းဖက်ပြီး ပါးပြင်ကိုသူ့ပါးပြင်အေးအေးလေးနှင့် ဖိကပ်လိုပ်လေသည်။

"မိန်းမရပြီးထဲက မိန်းမလုပ်ပေးတာပဲ ကြိုက်တော့တယ်။ အခုလိုလေးကြတော့ မမခင်ကတအားချစ်ဖို့ကောင်းတယ်သိလား...."

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now