part 9uni

2.5K 90 0
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၉)

မနက်မိုးလင်းတော့ ချစ်လွန်းကို နဖူးမှာ တော်တော်လေးရောင်ကိုင်းနေလေသည်။ ကြည့်လို့နည်းနည်းလေးမှအဆင် ဖြစ်နေ၏။ အလုပ်သွားဖို့ ပြင်ဆင်နေရင်း နဖူးကနာလို့ ခပ်ညည်းညည်းရေရွတ်သံတွေကိုလည်း ကြားနေရသည်။ သူ့လှုပ်ရှားပုံတွေမြင်နေရပေမဲ့ သူ့အပြစ်နဲ့သူမို့ ခင် မသိချင်ယောင်ဆောင်ထားလိုက်သည်။ သူကလည်း ဘာမှမပြောပေ။ သို့သော် ချစ်လွန်းကို အလုပ်သွားမှ ချစ်လွန်းကို၏ အစ်မငယ်က အိမ်ကို ဒေါသနဲ့မောနဲ့ရောက်ချလာလေသည်။

လက်ထဲမှာ ခြင်းတောင်းလေးဆွဲထားသလို အဖြူအစိမ်းလေးပါ ဝတ်ထား၍ ကျောင်းသွားရင်း ဝင်လာမှန်း ခင် သိလိုက်လေသည်။ အိမ်ထဲမှာ မိန့်မိန့်ကြီးထိုင်ကာ ခင့်ကို ကြည့်နေသည်မှာ ဆယ်ဘဝရန်သူတော်လားပင် မှတ်ရသည်။

"နင်ဘယ်လိုလုပ်လိုက်တာလဲ ပတ္တမြားခင်၊ နင့်မှာ လူစိတ်နည်းနည်းလေးတောင်မရှိဘူးလား။ ချစ်လေးကို လုပ်ရက်လိုက်တာ...ငါတို့တောင် ဒီနေ့ထိ လက်ဖျားနဲ့တောင် မထိခဲ့ဖူးဘူး...နင်သိရဲ့လား"

"မသိဘူး...သူဘယ်လို နေခဲ့လဲ မသိသလို၊ ဘယ်လိုလူမျိုးမှန်းလည်းမသိဘူး၊ ခင်သိတာက ခင့်ကို ဒေါသထွက်အောင်လုပ်ရင် ဒေါသဖြစ်တဲ့အတိုင်း တုံ့ပြန်မယ်ဆိုတာပဲ"

"နင့်မှာ ကိုယ်ချင်းစာစိတ် မရှိဘူးလား။ လူတစ်ယောက်လုံးကို ဒီလောက်ထိဖြစ်အောင် လုပ်စရာလား၊ ဒေါသဖြစ်လည်း တော်ရံတန်ရုံပဲ ကောင်းတယ်"

"နေပါဦး.... အခုလာတာ ချစ်လွန်းကိုဒဏ်ရာရတာကို မကျေနပ်လို့ လာပြောနေတာလား"

"မကျေနပ်လို့ လာပြောနေတာ မဟုတ်ဘူး။ မကြည့်ရပ်လို့ကို လာပြောနေရတာ၊ ချစ်လေးသာ နောက်တစ်ခါ တစ်ခုခုဖြစ်ကြည့် နင်မလွယ်ဘူးမှတ်"

"နေစမ်းပါဦး...ရှင်က ရှင့်မောင်တစ်ခုခုဖြစ်ရင် မလွယ်ဘူးလို့ပြောရအောင် ရှင်ကဘာမို့လို့လဲ၊ "

ခင်ဒေါသထွက်ထွက်နဲ့ အော်တော့ မငယ်က ဆက်ဆက်ခါအောင် ဖြစ်လေသည်။ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး ခင့်မျက်နှာကို စေ့စေ့ကြည့်ကာ....

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now