zgyi

727 7 1
                                    

(အပိုင်း ၈)

သူ့ကို ကျိမ်းပြီး ခုတင်ပေါ်မှာ ပြန်အိပ်သွားသည့် ခင့်ကိုကြည့်ကာ အံကြိတ်ထားလိုက်၏။ နဖူးက သနပ်တုံးစာမိထားသည့် ဒဏ်ရာကလည်း တဖြေးဖြေး နာလာ၍ လက်ဖဝါးနှင့် ဖိထားလိုက်ရသည်။ အိမ်က ပြောင်းထားတာ မကြာသေး၍ မည်သည့်ဆေးဝါးမှ မရှိ။ ငယ်ငယ်က ဒဏ်ရာရပြီဆို အမေလုပ်ပေးနေကြအတိုင်း နနွင်းမှုန့်သိပ်ဖို့သာ သတိရသည်။

အလင်းဖျော့ဖျော့ မီးသီးကြောင့် သိပ်မလင်းသည့် မီးဖိုချောင်ထဲကို တစ်ယောက်ထဲ ဝင်လာခဲ့သည်။ ဆားအချိုမှုန့် အစုံထည့်ထားသည့် ဇကာတောင်းလေးထဲကနေ နနွင်းမှုန့်ထည့်ထားသည့် ဘူးလေးကို ဖွင့်ကာ လက်ညိုးနဲ့ယူပြီး နဖူးက ဒဏ်ရာကို သိပ်လိုက်၏။ မစပ်ပေမဲ့ လက်နှင့် ဖိလိုက်သည့်အရှိန်ကြောင့် နာကျင်မှုက နှစ်စဖြစ်သွားလေသည်။

နနွင်းမှုန့်သိပ်ပြီးတော့မှ လက်ကို ရေနဲ့ဆေးပြီး နဖူးတစ်ဝိုက်ပေနေသည့် သွေးတစ်ချို့ကိုပါ လက်နဲ့သပ်လိုက်၊ ရေဆေးလိုက် သန့်အောင် လုပ်လိုက်သည်။ အားလုံးပြီးမှ အခန်းထဲပြန်ဝင်မည်ဆိုတော့ ခြေထောက်က ရှေ့မဆက်နိုင်ဘဲ အလိုလို ရပ်တန့်သွားမိသည်။

နဖူးကို သနပ်ခါးတုံးနဲ့ရိုက်ခွဲထားသည့် မိန်းမနှင့် အတူပြန်အိပ်ရမည်လား။ သို့မဟုတ် အပေါ်ထပ်မှာပဲ မခံချင်စိတ်နဲ့ ပြန်အိပ်ရမည်လား။ မစဉ်းစားတတ်တော့ပေ။ နှေးကွေးသည့် ခြေလှမ်းတွေနဲ့ ခင့် အခန်းဝရောက်တော့ လူက ရှေ့မဆက်နိုင်ပေ။ အပေါက်ဝကနေသာ ခင့်ကို တစ်ချက်လှမ်းကြည့်မိသည်။ အဝင်ထွက်ပေါက်ကို ကျောပေးထားသည့် ခင်ကတော့ အိပ်လို့ပျော်နေလေသည်။

ဒေါသထွက်စရာရှိ ထွက်လိုက်သလို ပြီးလျှင်လည်း အေးအေးလူလူနေနိုင်သည့် မိန်းမ ဖြစ်လေသည်။ သူ့မှာတော့ နဖူးကဒဏ်ရာကြောင့် မအိပ်နိုင်သလို အိပ်ရာပျောက် မင်းသားဖြစ်နေလေသည်။ အခန်းဝမှာ အကြာကြီးရပ်နေရင်း ခင် ပြောခဲ့သည့်စကားတွေကို နားထဲပြန်ကြားယောင်လာ၏။ ခင့်ပုံစံက သူ့ကိုနောက်ပြောင်ပြောသည့် ပုံလည်းမဟုတ်ပါ။ ခင်ဆိုသည့် မိန်းမက အစနောက်သန်သည့်လူမျိုးမဟုတ်သလို မလိုအပ်ဘဲနှင့်လည်း အပိုစကားမဆိုတတ်။ ဒါကြောင့် ခင်ပြောခဲ့သည့် စကားတွေဟာ အမှန်လို့ ယုံကြည်နေမိသည်။

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now