Zgyi

647 9 1
                                    

"ခြေမထိသွားတာလား"

ခင်က ထပ်မေးပေမဲ့ ချစ်လွန်းကိုက ပြန်မဖြေပေ။ ခင်လည်း ကိုယ့်ကိုမလိုအပ်တော့သည့် လူအနားမှာ ဆက်ပြီးမေးမနေတော့ဘဲ လှည့်ထွက်ခဲ့လိုက်တော့သည်။ စေတနာနဲ့လာမေးပေမဲ့ မရှိတဲ့လူတစ်ယောက်လို လျစ်လျူရှုခြင်းခံလိုက်ရ၍ ခင် ရင်ထဲနေရခက်သွားလေသည်။

(အပိုင်း ၁၄)

ချစ်လွန်းကို၏ အခန်းထဲကနေပြန်ထွက်လာသည်နှင့် ခင့်ရင်ထဲမှာ မွန်းကြပ်နေလေသည်။ ဖြစ်ချင်တာ မဖြစ်ရ၍ စိတ်အလိုမကျဖြစ်သလို သူတစ်ပါးက အလိုမရှိသလို ပြုမူခံရ၍ အော်ငိုချင်သလိုလိုဖြစ်နေလေသည်။ အောကျထပျကျု ပြန်ရောက်တော့ ခင်က မျက်ရည်ဝဲချင်သလိုလို ဖြစ်နေ၏။ အပေါ်ထပ်ကို မတက်ခင်က ဗိုက်ဆာခဲ့သမျှလည်း ဘယ်ဆီကိုလွှင့်စင်သွားမှန်းမသိတော့ပေ။ မှောင်ရိပ်ဖုန်းနေသည့် အခန်းလေးထဲကို ပြန်ဝင်လျက် လှဲအိပ်ဖို့လုပ်ပြီးမှ မီးသီးလဲချင်တာကြောင့် ပိုက်ဆံအိတ်အပါးလေးကို ချိုင်းကြားညှပ်ကာ အပြင်ထွက်လာခဲ့လိုက်သည်။

အလုပ်ဆင်းသည့်အချိန်ကတည်းက အတော်လေးမှောင်နေပြီမို့ အခုဆိုရင် လမ်းမီးတွေတောင် ထိန်ထိန်ထွန်းထားကြကုန်ပြီ ဖြစ်သည်။ တစ်လမ်းကျော်က ကုန်စုံဆိုင်ကြီးမှာ မီးသီးဝင်ဝယ်ပြီး ဆိုင်ရှင်လာပေးသည်ကို စောင့်နေတုန်း ချစ်လွန်းကို၏ အစ်မနှစ်ယောက်ကလည်း ဆိုင်ထဲကိုဝင်လာတာ တွေ့လိုက်ရသည်။

လက်ဖက်အသားနဲ့ကြက်သွန်ကြော်နှစ်ထုတ်ပေးပါ ဆိုသည့် အသံကိုလည်းကြားလိုက်ရ၏။ ညဘက် အမေနဲ့အဖေစားဖို့ လာဝယ်သည်လို့ တွေးလျက် ခင် မသိသလိုသာ နေနေလိုက်သည်။ ချစ်လွန်းကို၏ အစ်မနှစ်ယောက်ကလည်း ခင့်ကိုအရေးတယူလုပ်ပြီး နူတ်ဆက်မပေ။ ဆိုင်ရှင်က ခင့်ကို မီးသီးလာပေးတော့မှ ညီမနှစ်ယောက်လုံး ခင့်ကို လှည့်ကြည့်လေသည်။ ပြီးမှ မကြီးက ခင့်ကို မျက်နှာပေးနဲ့ကြည့်ကာ....

"ဟိုတစ်နေ့က အိမ်ကိုလာတုန်း မီးသီးတွေကျန်ခဲ့တယ်လေ။ လာမယူဘဲ ဘာလို့အသစ်လာဝယ်တာလဲ။ ငါတို့အိမ်ကိုလာရင် ရိုက်ထုတ်မယ်လို့ ငါတို့လည်းမပြောမိပါဘူးနော် ပတ္တမြားခင်"

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now