part 1 uni

16.7K 228 11
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၁)

"နင်တာဝန်ယူစရာမလိုဘူး။ အဲ့ကလေးကို ဖျက်ချလိုက်ရင် ပြီးသွားလိမ့်မယ်။ ငါနဲ့ဝေးဝေးသာ နေ။ နင့်အသံ နင့်မျက်နှာကို မြင်ရတာ ငါရွံလို့"

မဲ့ကာ ရွဲ့ကာပြောနေသည့် စကားလုံးတွေကို သူကလည်း ဂရုမစိုက်။ ဒီလို အကြောတင်းသည့် မိန်းမကိုလည်း သူ့ဘက်က ချော့မော့ပြောရင်တောင် လက်ခံမယ့်ပုံမပေါ်။ သို့သော် အဆုံးအစွန်ထိ တာဝန်ယူရမှာက သူ့ကိစ္စပင်။

"ကဲပြောပါဦး...ဒေါ်ပတ္တမြားခင်။ ကျွန်တော်ချစ်လွန်းကိုက ဘယ်လိုတောင်းပန်မှုမျိုးနဲ့ တောင်းပန်ပါမှ ဒီကလေးကို မွေးမယ်လို့ ဆုံးဖြတ်ထားသလဲ"

"နင့်လေသံ နင့်မျက်နှာပေးကိုပြင်ပြီး ငါ့ရှေ့ကထွက်သွားစမ်း"

သူ့ကို စကားတောင်အပြောမခံဘဲ မောင်းထုတ်နေသည့် ခင့်ကို ကြည့်ကာ သူခေါင်းတညိတ်ညိတ်လုပ်နေသည်။ ပြီးမှ ခုတင်နားတိုးသွားကာ.....

"ထွက်သွားဆိုလည်း သွားတာပေါ့။ ဒါပေမဲ့ မမခင်ရယ်။ ဟော့သည့်က ဗိုက်ထဲမှာရှိနေတဲ့ ကလေးက ကျွန်တော်မောင်ချစ်လွန်းကိုရဲ့ကလေး။ မောင်ချစ်လွန်းကိုဆိုတာ ပတ္တမြားခင်နဲ့ အတူအိပ်ခဲ့ဖူးပါတယ်ဆိုတာ ပြင်လို့မရတဲ့ အမှန်တရားပဲ မမခင်ရဲ့..."

"နင့်ပါးစပ်ကို ပိတ်ထားစမ်းလို့ ပြောနေတယ်လေ။"

"သိပ်ကို ဒေါသကြီးပါလားမမခင်။ ကလေးတော့ မွေးလာရင် မျက်လုံးပြူးပါတော့မယ်"

"တောက်...နင်ငါ့ကို သွေးတက်အောင် လာခနဲ့နေတာလားအယုတ္တမာကောင်"

"အမှန်တရားတစ်ချို့ကို ပြောပြနေရုံပါ မမခင်"

"မပြောနဲ့...မပြောနဲ့...ထွက်သွား..."

ဒေါသတကြီး အော်ဟစ်မောင်းထုတ်နေသည့် ခင့်ပုံစံက သူ့အတွက်တော့ အထူးအဆန်းမဟုတ်တော့ပေ။ အရင်ကလည်း ထိုသို့ပင် ဒေါသတကြီး သူ့ကို အကြိမ်ပေါင်းများစွာ အော်ဟစ်ဖူးသည်။ အကြိမ်ပေါင်းများစွာ ရိုက်နှက်ဖူး၏။ အကြိမ်ပေါင်းများစွာလည်း နာကျင်စရာ စိတ်ဒဏ်ရာတွေ ပေးခဲ့ဖူးလေသည်။

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now