28

1.4K 34 0
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ(အပိုင်း ၂၈)

ကြမ်းပြင်ပေါ်အိပ်ပျော်နေသည့် ခင့်ကိုကြည့်၍ သူစိတ်ညစ်ကာ အော်ထုတ်လိုက်သော်လည်း ခင်ကတုံ့တုံ့ပင်မလှုပ်ပေ။ နောက်ဆုံး ဘာဖြစ်ဖြစ်ဟုဆုံးဖြတ်ချက်ချကာ ကြမ်းပြင်ပေါ်က ကိုယ်လုံးအားမချီပြီး ကုတင်ပေါ်တင်ပေးလိုက်လေသည်။

"ဘယ်သူလဲ...ငါ့အသားကိုလာထိတာ"

မျက်လုံးသာမပွင့်သော်လည်း အသားထိတာကိုတော့ကောင်းကောင်းသိနေသည်​့ ခင့်ကိုသူနှာခေါင်းရှုံ့လိုက်၏။

"အမူးပါ....သူ့ထိမှာတော့တော်တော်ကြောက်တဲ့အဖွားကြီး"

"အား....."

မျက်လုံးတွေမှိတ်ရင်း ခင်ကအံကြိတ်၍ တစ်ချက်ညည်းလိုက်လျှင် သူနူတ်ခမ်းတွေကွေးသွားသည်ထိရယ်လိုက်၏။

"မချိမဆန့်သောက်ထားတော့ ခံလေ...ခံ....နည်းတောင်နည်းသေးတယ်။ ဘိုင့်ဘိုင့်... ဒေါ်ပတ္တမြားခင်ရေ...."

အိပ်ရာပေါ်လှဲနေသည့်ခင့်နဖူးကို လက်နှင့်တောက်လိုက်ကာ ဝမ်းသာအားရရယ်ပြီး ပြန်ဖို့လုပ်လျှင် သူ့လက်တွေကိုခင်ကဖမ်းဆွဲထားရင်း မျက်လုံးပွင့်လာလေသည်။ ချစ်လွန်းကို၏လက်ချက်ကြောင့် နဖူးမှာလည်းအနီရောင်ကွက်ထလာလေသည်။ ခင်နိုးတော့မှ ချစ်လွန်းကိုလည်းခေါင်းမီးတောက်သွားရလေသည်။

"သေစမ်း...အိပ်ပျော်နေတဲ့ကျားကို ခေါင်းသွားပုတ်လိုက်တာပဲချစ်လွန်းကို။ မင်းတော့သေပြီ"

တစ်ယောက်ထဲမျက်နှာလေးရှုံ့မဲ့သွားကာ ခင်ဆွဲထားသည့်လက်ကို ခါချကြည့်၏။သို့သော် မရပေ။ခင်က သူ့မျက်နှာကိုစိုက်ကြည့်ရင်း အိပ်ရာကကျုံ့းရုံးထလာလေသည်။ထို့နောက်....

"ဝေါ့....."

"အား......"

မျက်နှာကိုတစိမ့်စိမ့်ကြည့်ပြီး အန်ချလိုက်သည့် ချစ်လွန်းကိုမျက်လုံးစုံမှိတ်ပြီး အော်လိုက်လေသည်။ အနံ့ဆိုးတွေနှင့်အတူ ညစ်ပတ်နေသည့်ရင်ဘက်တစ်ခုလုံးကို ငုံ့တောင်မကြည့်ရဲပေ။

"ဟင်း.....ခေါင်းကိုက်လိုက်တာ...လာနှိပ်ပေးကြစမ်း"

မျက်လုံးတွေပြန်မှိတ်ပြီး အိပ်ရာပေါ်လှဲချလိုက်ကာ ပါးစပ်ကလည်းအမိန့်ဆန်ဆန်ထွက်လာသည့် ခင့်အသံကြောင့်ချစ်လွန်းကို ဒေါသထွက်သွားရလေသည်။ သို့သော်သူ့ကိုပြန်မပြောခင် ရေချိုးခန်းထဲပြေးဝင်လျှက် တစ်ကိုယ်လုံးသန့်ရှင်းရေးလုပ်လိုက်ရလေသည်။ဟိုတယ်ကပေးသည့် သပတ်တစ်ထည်သာပတ်လျှက် ရေချိုးပြီးအန်ဖက်ကျုံးနေရလေသည်။ ရေချိုးခန်းထဲမှာ အဝတ်စားလျှော်ပြီးပြန်ဝတ်ဖို့စမ်းကြည့်တော့လည်း ရေတောင်မစစ်သေးပေ။

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now