27

947 33 0
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၂၇)

ကုမ္ပဏီမှာ တစ်နေ့တစ်နေ့ခင့်ကို တွေ့ဖို့စောင့်နေရသည်မှာ သူ့အတွက်အလုပ်တစ်ခုလိုဖြစ်လာ၏။ ခင်က ဘယ်ရောက်လို့ရောက်နေ
မှန်းတောင် မသိပေ။ တစ်လလောက်ကြာသည့်အခါ တစ်ခါပေါ်လာလိုက် ပြီးလျှင်ပျောက်သွားလိုက်ဖြင့် သူ့မှာခင့်ကို မကျေနပ်သမျှ ဘာမှမပြောရဘဲငြိမ်နေရလေသည်။

သိပ်မကြာသည့်အခါ အလောတကြီးကုမ္ပဏီကိုရောက်လာပြီး ​အစည်းဝေးပွဲမှာခင်ပြဿနာရှာသည့်သတင်းက သူတို့ဋ္ဌာနကိုပါရောက်လာလေသည်။

"မမလေးခင်က တအားဆိုးတယ်။အခုလည်း ကုမ္ပဏီမှာအမွေလာတောင်းနေတယ်တဲ့"

ကြားရသည့်သတင်းကြောင့် သူမျက်ခုံးပင့်သွားရလေသည်။ မိဘငုတ်တုတ်ရှိလျှက်နှင့်အမွေတောင်းသည်ဆို၍ ပေါ့သေးသေးတော့မဟုတ်လောက်ပေ။

"ဟိတ်....ဟိုနှစ်ယောက်လာစမ်း"

သူတို့ကိုယ့်အလုပ်ကိုယ်လုပ်နေကြစဥ် အခန်းထဲဝင်လာပြီး အမိန့်ပေးသံကြား၍မော့ကြည့်တော့ ခင်က အေးခိုင်ဆိုသည့်မိန်းကလေးနှင့် ကိုမြင့်ခိုင်ကိုလက်ယပ်၍ ခေါ်လေသည်။

"နင်တို့နှစ်ယောက်ကဘာတွေလဲ။ အလုပ်ချိန်မှာအကြည်စိုက်ပြီး တိတိတူးတူးနေရအောင် နင်တို့ကိုလစာအလကားပေးထားတာမဟုတ်ဘူး"

"မဟုတ်ပါဘူးမမလေးရယ်....အေး​စံကစာရင်းဇယားမရှင်းတာလေးရှိလို့ ကိုမြင့်ခိုင်ကိုမေးတာပါ"

"ဘာ....စာရင်းတွေမရှင်းလို့ဟုတ်လား"

"ဟုတ်....ဟုတ်ပါတယ်"

"နင်အခု....လိမ်နေတာ။ဘယ်သူ့ကိုလိမ်နေတယ်လို့ထင်လဲ....ဟမ်"

"အေးစံမလိမ်ပါဘူးမမလေးရဲ့"

"သူတကယ် မလိမ်ဘူးလို့ပြောနေတာပဲလေ"

ကြားကနေဘယ်လိုမှ ကြည့်မနေသည့်အဆုံး ချစ်လွန်းကိုဝင်ပြောလျှင် ခင့်အကြည့်စူးစူးတို့သည် သူ့ဆီရောက်လာလေသည်။ အကြည့်တွေက ယမမင်းထက်ပင်ကြောက်စရာကောင်းလို့နေလေသည်။

"နင်နဲ့ဘာဆိုင်လို့နင်ကရော ဝင်ပါပြန်ရတာလဲ။ "

"မဟုတ်ဘူးလို့ပြောနေတာကို ချောင်ပိတ်မေးနေတာကြည့်လို့မှမရတာ"

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now