(အပိုင်း ၁၉)"အမေ...အမေ....အဖေ့"
"ဟေ..."
အိမ်ပေါက်ဝကနေ အော်ခေါ်သည့် ချစ်လွန်းကိုအသံကြောင့် အမေတို့သာမက အစ်မနှစ်ယောက်ကပါ ထွက်လာကြလေသည်။ သူ့လက်ပေါ်မှာ မြော့မြော့ကလေးပါလာသည့် ခင့်ကိုမြင်လျှင် အကုန်လုံး ပြာယာခက်သွားလေသည်။
"ဟင်...ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ"
"မသိဘူးအမေ...မမခင်ကို တစ်ခုခုလုပ်ပေးကြပါဦး၊ "
"အိမ်ပေါ်တက်...အိမ်ပေါ်တက်..."
ခင့်ကို ဘုရားစင်ရှေ့က ဖျာပေါ်မှာပဲ ချသိပ်ရင်း ဘေးကနေဝိုင်းပြီး ခြေဆုပ်လက်နယ် လုပ်လျက် သတိလည်လာအောင် လုပ်ပေးနေကြသည်။ အစ်မနျစ်ယောက်မှာလည်း မတည့်တာက မတည့်သော်လည်း ကူပါကယ်ပါဖြစ်တော့ မသိသလိုမနေနိုင်ပေ။ဘေးကနေ ယက်ခပ်ပေးကြလေသည်။
"ဘယ်လိုဖြစ်တာလဲ ကလေးမလေးက"
"မသိဘူးအမေ၊ အိမ်အောက်ထပ်က မမခက်အော်သံကြားလိုက်လို့ ဆင်းကြည့်တာ ရေချိုးတဲ့နေရာမှာ လဲကျနေတာတွေ့တာ။ ဘာလုပ်ရမှနိးမသိလို့ အမေ့ဆီခေါ်လာတာ"
"ကလေးမလေးကြည့်ရတာ တစ်ခုခုလန့်သွားတဲ့ပုံပဲ။ လန့်ပြီး သတိလစ်သွားတာ။ ဘာမှမဖြစ်ဘူး။ နဖူးမှာ ချွေးတွေထွက်နေတယ် သုတ်ပေး...သုတ်ပေး။ ဘေးကနေလည်း ယက်ခပ်ပေးလိုက်ကြ"
"မြန်မြန်သတိရအောင် လုပ်ပါဦးအမေတို့ရာ...မမခင်တစ်ခုခုဖြစ်သွားရင် ကျွန်တော်သေမှာဗျ"
ငိုကြီးချက်မဲ့ ပြောနေသည့် ချစ်လွန်းကိုကိုကြည့်ပြီး အစ်မနှစ်ယောက်လည်း စိတ်မသက်သာပေ။ အဖေဖြစ်သူကတော့ သူ့သားကို ပိုလွန်းတယ်ဟူသည့်အကြည့်ဖြင့်သာ ကြည့်နေလေသည်။
"မငယ်..သွား၊ မီးဖိုချောင်ထဲက သံပရာသီးလေးသွားယူ၊ ကလေးမလေးနှာခေါင်းနား ရှူပေး။"
"ဟုတ်...အမေ"
"မကြီးလည်း ကလေးမလေးကို ယက်ခပ်ပေး၊ နဖူးက စီးကျနေတဲ့ ချွေးတွေသုတ်သုတ်ပေး။ ကိုယ်ဝန်ကြီးနဲ့ လဲကျနေတာ မကောင်းပေမဲ့ ဘာမှမဖြစ်ပါဘူး။ အခုချိန် ဆရာဝန်လည်းခေါ်ရမှာမဟုတ်ဘူး။ သတိရအောင်သာ လုပ်မှရမယ်"
![](https://img.wattpad.com/cover/322345041-288-k614566.jpg)
YOU ARE READING
ရွှေလက်ဖြင့်သာ ခေါ်တော်မူ
Romanceမိသားစုရဲ့ ဥပေက္ခာတွေကြောင့် ဆိုးသွမ်းနေတဲ့အမျိုးသမီးနဲ့ သူမကို နည်းနည်းလေးမှကြည့်မ ရသည့် ကောင်လေးတို့ မထင်မှတ်ထားဘဲမှားမိရာကနေ သူတို့နှစ်ယောက်ဘဝထဲကိုကလေးလေး ရောက်လာသောအခါ...