အပိုင်း (၂၄)

Start from the beginning
                                    

" ဪ ကိုဘရင်တို့ ရောက်လာကြပြီကိုး ဝင်ပါဗျာ ဝင်ပါ "

ဧည့်ခန်းသို့ ထိုမိသားစုက ဦးဆောင်၍ခေါ်သွားသည့်တိုင် သက်ဝေမှာ အခြေအနေကိုမရိပ်စားမိသေး။ မိခင်ဖြစ်သူကို လှမ်းကြည့်၍ မေးရန်ပြင်သော်လည်း အမေက သက်ဝေကို မျက်ကွယ်ပြုထားလေသည်။

" နေကောင်းရဲ့လား ကိုလှဖေ ကျုပ်တို့လည်း လာမယ် လာမယ်နဲ့ ခုမှပဲလာဖြစ်တော့တယ်ဗျာ "

ကိုလှဖေ...။ သည်နာမည်ကို သက်ဝေ တစ်နေရာတွင်ကြားဖူးနေသည်။ သို့သော် ရုတ်တရက်မို့ ဦးနှောက်က မစဉ်းစားမိ။

" သမီးလေးက အချောလေးပဲဗျ။ ကျုပ်တော့ ခုကတည်းက ချွေးမတော်လိုက်ချင်ပြီ ကိုဘရင်ရယ် "

ဘုရား ဘုရား...။ ဒါဟာ သက်ဝေနှင့် စေ့စပ်ကြောင်းလမ်းပေးမည်ဟု တစ်ခါက ပြောဖူးသော ဝတ်လုံတော်ရ ကိုမြင့်မောင်ဆိုသူရဲ့အိမ်ပါ့လား။ မေမေတို့သည် သက်ဝေအပေါ် တစ်ဖက်လှည့်အကြံဖြင့် လုပ်ရက်ကြသည်။ ထိုင်ပြီးခါမှတော့ ချက်ချင်းထပြန်၍ မကောင်းသဖြင့် သက်ဝေ သည်းခံ၍နေလိုက်ရသည်။

" မောင်မြင့်မောင်ကလည်း လူချောပါပဲ ကိုလှဖေရယ် အကျင့်စာရိတ္တလည်း ဘာဆိုဘာမှ ပြောစရာမရှိဘူး။ ကျွန်မတို့ဘက်က စိတ်ချပါတယ် "

" ဒါဖြင့် ဟန်ကျတာပေါ့ဗျာ သားကိုယ်၌ကလည်း သမီးသက်ဝေကို မေတ္တာရှိနေတာ "

" ဟာဗျာ ဖေဖေကလည်း "

ကိုမြင့်မောင်ဆိုသည့် လူရွယ်က ရှက်သွားဟန်ဖြင့် စကားကိုဟန့်သည်။ ထိုလူသည် မည်မျှပင် အကျင့်ကောင်းသည်ဖြစ်စေ၊ ဥပဓိရုပ်ကောင်းသည်ဖြစ်စေ သက်ဝေအဖို့တော့ မေရီနေရာတွင် အစားမထိုးနိုင်ပါပေ။

" အောင်မာဗျာ မင်းကပဲ ရှက်ရသေး "

" ထမင်းပွဲပြင်ပြီးပါပြီ ဆရာ "

အလုပ်သမား အမျိုးသမီးတစ်ဦးက လာပြောသဖြင့် သက်ဝေတို့အားလုံး ထမင်းစားရန်ပြင်ရသည်။ တကယ်‌ဆိုလျှင် သက်ဝေ စားချင်စိတ် နည်းနည်းလေးမျှပင်မရှိပါ။ ထို့ကြောင့် ထမင်းကို တို့ကနန်း ဆိတ်ကနန်းဖြင့် စားနေမိသည်။ ဤသည်ကို သတိထားမိသော ကိုမြင့်မောင်က

ချစ်သက်ဝေWhere stories live. Discover now