အပိုင်း (၁၄)

664 80 12
                                    

- မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ -

" မမဝေ ရှုတင်က ဘယ်လောက်ထိကြာဦးမှာလဲ "

မေရီတို့ သည်ရွာကလေးကိုရောက်နေသည်မှာ နှစ်လစွန်းစွန်းပင်ရှိရော့မည်။ အိမ်ရှင်ဖြစ်သူ မမကြည်နှင့်လည်း တကယ့်ညီအစ်မအရင်းအချာလိုဖြစ်နေပြီး အိမ်နီးနားချင်းများကို ညတိုင်းလိုလိုသီချင်းဆိုပြရသည်မှာလည်း မေရီ့နေ့စဉ်ဘဝလိုဖြစ်နေတော့သည်။

" မသိဘူးကွယ် ပြီးဖို့တော့မလိုတော့ပါဘူး မေရီ ပျင်းနေပလား "

" ပျင်းတာထက် မေရီ မာလာရီပြဇာတ် သွားကြည့်ချင်တယ် မမဝေ မေရီ သူနဲ့တစ်ခါမှမဆုံဖူးသေးဘူး ဇာတ်မင်းသမီးဘဝကနေလာပြီး အခု ပြဇာတ်မှာလည်း လျှမ်းလျှမ်းတောက်ပဲ "

" နို့ မာလာရီဆိုတာ ရွှေကြည့်ကိုပြောတာမလား။ ရွှေရည်လူးပြဇာတ်ထဲက ရွှေကြည်လေ။ မမဝေ ကြည့်ဖူးတယ်။ သူ အေဝမ်းကိုတောင် အလုပ်လာလျှောက်သေးတယ်မှတ်တာ အစ်ကိုကြီး (အေဝမ်းဦးတင်မောင်) က နောက်လိုရင်ခေါ်မယ်ဆိုပြီး ပြောလွှတ်လိုက်တာပဲ "

" ဟုတ်သလား မမဝေ မေရီတော့ သူ့ကိုမြင်ဖူးချင်တာပဲ။ သိပ်တော်တယ်လို့ပြောတယ်"

" တော်တာတော့ ရက်စက်တယ် ညီမရယ်။ မမဝေဖြင့်လည်း ပြဇာတ်တစ်လျှောက်လုံး အံအားသင့်နေရတာ။ ပြဇာတ်ခေါင်းဆောင်မင်းသမီးတောင်မဟုတ်ဘဲ သူ့ခမျာ တောသူမဇာတ်ရုပ်နေရာဝင်ရတာတောင် တကယ် လက်ဖျားခါအောင်လုပ်နိုင်တယ်။ ဟာသဉာဏ်လည်းရွှင်ပါဘိ။ မျက်နှာကလေးကလည်း လှပါသော်ကောကွယ်"

" ဒါဖြင့် အစ်ကိုကြီးက ဘာလို့များငြင်းလိုက်တာလဲနော် ဒီလောက်တော်တဲ့ဟာ "

" အင်း .. ဇာတ်မင်းသမီးဆိုတဲ့ ဇာတ်ဟန်ပါမှာစိုးလို့နဲ့တူပါရဲ့ ငါ့ညီမရယ်။ ဇာတ်မင်းသမီးဆိုတော့ နည်းနည်းလည်း အထင်အမြင်သေးချင်တာလည်းရှိမှာပေါ့။ ဒါပေမယ့် ဇာတ်မင်းသမီးဖြစ်ဖို့ လွယ်တာမှမဟုတ်တာာ လက်တန်းက ပြောရသေး က ရသေး ဆိုရသေး ငိုရသေး နဲ့။ ရွှေကြည်က တကယ့်ပညာပြည့်ပါတယ်။ သူ့ရဲ့အမူအရာတွေ သရုပ်ဆောင်တာတွေ တကယ်ကို အပိုအလိုမရှိဘူး။ တကယ့်ပညာရှင်အစစ်ပဲ "

ချစ်သက်ဝေWhere stories live. Discover now