A/N 0.2
542 44 3
အားလုံးပဲ မင်္ဂလာပါရှင်... မေနိုင်း ပါ။
ပထမဆုံးအနေနဲ့တော့ ချစ်သက်ဝေကိုဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်။ အခု ချစ်သက်ဝေက ဇာတ်သိမ်းဖို့နည်းနည်းလိုပါသေးတယ်။ ဒါပေမယ့် ‌ဇာတ်မသိမ်းခင် နောက်ပိုင်းနားမှာပေါ်လာမယ့် ဇာတ်ကောင်တွေနဲ့ပတ်သက်ပြီး စဉ်းစားထားတာလေး ရှိလို့ပါ။ အဲတာကတော့ အပိုင်း (၁) ရဲ့ရှေ့မှာ introduction အနေနဲ့ အပိုင်းတစ်ပိုင်း ထပ်ထည့်ဖို့ပါရှင်။ စ ရေးကာစက အဲဒီစိတ်ကူးမရခဲ့တော့ သက်ဝေ မွေးတဲ့အချိန်ကစပြီးရေးခဲ့တာပါ။ ပြန်စဉ်းစားတော့ timeline က နည်းနည်း တစ်သမတ်တည်းဖြစ်နေတော့ ဘဝင်မကျတာနဲ့ ရှေ့ဆုံးမှာ အပိုင်းတစ်ပိုင်းကို ထပ်ထည့်ပြီး throwback အနေနဲ့ပြန်ပြင်မလို့ပါရှင်။
အပိုင်း (၁၅) ပတ်လည်လောက်ကတည်းက အကြံရခဲ့ပေမယ့် တန်းမထည့်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆို အပိုင်းသစ်ထည့်ခြင်းအားဖြင့် ရေးပြီးသားအပိုင်းတွေမှာပါ ပြန်ပြင်စရာ၊ ထည့်စရာ အနည်း နဲ့ အများပါလာမှာမို့ ဒီစိတ်ကူးကို အကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး။ စာဖတ်သူတွေလည်း နဂိုကမှ update ကြာလို့ ပြန်ပြန်ဖတ်နေရာက ထပ်ပြီး အစကနေ ပြန်ဖတ်‌နေရာမှာကို အားနာလို့ပါ။ အခုတော့ စိတ်ကူးလေးလည်းရ အချိန်လေးလည်းရနေတာနဲ့ သေချာပြန်ပြင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ လောလောဆယ်အနေနဲ့တော့ A/N နဲ့ အပိုင်း (၁)ကြားမှာ introduction တစ်ပိုင်းထည့်ပေးထားပါတယ်။ အခု ဒီ announcement နဲ့အတူတင်ပေးထားပါတယ်ရှင်။
ရေးရင်း ရေးရင်းကနေမှ ကြားထဲကအပိုင်းတွေမှာ လိုသမျှ ပြန်ပြင်ထည့်သွားပါ့မယ်။ လောလောဆယ်တော့ intro လေးကိုပဲ ဖတ်ပေးထားကြပါဦးရှင်။ အပိုင်းအားလုံး လိုတာပြင်ပြီးရင် ထပ်ပြီးအသိပေးပါ့မယ်။ လိုတာအကုန် ပြန်ပြင်ပြီးရင်လည်း ချစ်သက်ဝေကို တစ်ခေါက်လောက်ဖြစ်ဖြစ် အစအဆုံးပြန်ဖတ်ပေးကြပါဦးလို့ ခုကတည်းကပဲ အားနာနာနဲ့ တောင်းဆိုထားပါရစေရှင်။
အခုထိ လိုအပ်ချက်တွေရှိနေသေးတဲ့ ချစ်သက်ဝေအပေါ် မြတ်နိုးပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ရှင်။ အပန်းမကြီးရင် ချစ်သက်ဝေအပေါ် အမြင်ဖြစ်ဖြစ်၊ ပြောချင်တာ အကြံပေးချင်တာ ရှိရင်ပဲဖြစ်ဖြစ် ရေးပေးခဲ့ပါဦးနော်။ 🤎
ချစ်ခင်လျက်
မေနိုင်း
ချစ်ခင်လျက်
မေနိုင်း
ချစ်သက်ဝေWhere stories live. Discover now