အပိုင်း (၁၅)

747 84 9
                                    

- မာလာရီ -

သက်ဝေတို့ လိုက်ပါစီးနင်းလာသည့် ဂျစ်ကားကလေးသည် နံနက်ဝေလီဝေလင်းအချိန်တွင် စစ်ကိုင်းမြို့ထဲသို့ ချင်းနင်းဝင်ရောက်လာခဲ့သည်။ ရိုက်ကူးရေးအဖွဲ့က သက်ဝေ၊ မေရီနှင့် ထွေးကို တည်းခိုဆောင်တစ်ခုတွင် ထားခဲ့ပြီး ရန်ကုန်သို့ဆက်လက်ထွက်ခွာသွားကြသည်။ မြို့ထဲကိုသွားရန်လည်း သိပ်ကိုစောနေသေးသဖြင့် သက်ဝေတို့အားလုံး အခန်းထဲမှာပင် နားနေလိုက်ကြသည်။

ခရီးပန်းလာသည့် အရှိန်နှင့်မို့ သိပ်မကြာခင်တွင် သုံးယောက်သား အိပ်ပျော်သွားကြသည်။ သို့သော် သိပ်ကြာကြာမအိပ်နိုင်ပါ နံနက် မိုးလင်းပြီး ၇ နာရီ ထိုးသည်နှင့် အကုန်ရေမိုးချိုး အဝတ်အစားလဲ၍ အနားရှိ ဆိုင်တစ်ခုသို့သွားကာ မနက်စာ စားလိုက်ကြသည်။ မနက်စာစားပြီးနောက် အချိန်စောနေသေး၍ တည်းခိုဆောင်သို့ ပြန်လာခဲ့ကြသည်။

" မမဝေ စစ်ကိုင်းကို ခဏခဏရောက်သလား "

" မမဝေတို့ စစ်ရှောင်တော့ ဒီဘက်ကိုရှောင်ကြတာလေ မေရီရဲ့ စစ်ကိုင်းတောင်ခြေမှာပေါ့ "

" ဪ.. မေရီတော့ ဒါပထမဆုံးရောက်ဖူးတာပဲ "

" ဘယ့်နှယ့်လဲ သဘောကျရဲ့လား "

" ဟုတ်ကဲ့ မမဝေ မြို့ထဲဝင်ကတည်းက မြို့ရဲ့မြင်ကွင်းပုံစံက တစ်မူထူးသလိုပဲ အေးချမ်းတယ်လို့လည်းခံစားရတယ် ဒါတောင် မနက်စောစောမို့ ဘာမှတောင် သေချာ သိပ်မမြင်ရဘူး "

" စစ်ကိုင်းကိုတောင် မေရီသည်လောက်သဘောကျနေရင် မမဝေတို့ မန်းလေးကိုလည်း သဘောကျမှာပဲ "

" မေရီ သဘောကျမှာပါ မမဝေ "

မန္တလေးကိုတင်မက မန္တလာသူကိုပါ သဘောကျသည့်အကြောင်းကိုတော့ မေရီ မမဝေကို ထုတ်မပြောဖြစ်ပါ။ နေ့လည် ၃ နာရီလောက်မှာတော့ သက်ဝေတို့အားလုံး အဝတ်အစား လဲကာ ကောင်းမှုတော် ဘုရားသို့သွားရန်ပြင်လိုက်ကြသည်။

မမဝေသည် တင်ပါးအထိရှည်လျားသော နက်မှောင်သည့်ဆံနွယ်ရှည်များကို စည်း၍လိမ်ကာ အသားကလေးခွေပတ်ထားပြီး ဆံညှပ်များဖြင့် ပြေမကျအောင် ထိန်းထားသည်။ ဆံပင်ကို ကျွမ်းကျွမ်းကျင်ကျင်ထုံးဖွဲ့တတ်သူမို့ထင်သည် မည်သူ၏အကူအညီမျှမယူလိုက်ရပါဘဲ သပ်ရပ်သော ခရုခွေ နောက်ထုံးကို ထုံးဖွဲ့ပြီးသွားလေသည်။ ထို‌နောက်တွင်တော့ မမဝေသည် ခရုခွေ ဆံထုံးတွင် ခရေပန်းကုံးတစ်ကုံးကို ရစ်၍ပန်လိုက်ခြင်းဖြင့် ဆံပင်ပြင်ခြင်းအမှုကို လက်စသတ်လိုက်တော့သည်။

ချစ်သက်ဝေWhere stories live. Discover now