အပိုင်း (၇)

1.1K 130 19
                                    

- လွမ်းသူ့အဆွေး -

မေရီ ရန်ကုန်ကို ရောက်တာ ၂ လပြည့်တော့မည်ဖြစ်သော်လည်း ဘယ်မှမသွားဖြစ်ပေ ။ ဘွားလေးတို့အိမ်မှာနေရင်း ဂီတပညာကိုသာ အမြဲလိုလို လေ့လာဆည်းပူးနေရသည် ။ သီချင်းကြီးတွေကို တတ်မြောက်ရုံနှင့်မပြီးသေး ကာလပေါ်ကိုလည်း ပိုင်နိုင်ထားဦးမှ ဟုဆိုသဖြင့် ကာလပေါ်သီချင်းများလည်း သင်ကြားခဲ့ရပြန်သည် ။

အသက် ၁၃ နှစ်ကျော်ကျော် ကောင်မလေးတစ်ယောက်အဖို့ သင်ယူရသည်က များလွန်းသော်လည်း မေရီသဘောကျသည့်အရာမို့ မညည်းပါချေ ။ ရန်ကုန်ရောက်သည့်နေ့က တွေ့ခဲ့ရသည့် မမလှလှကိုလည်း ထပ်မတွေ့ဖြစ်တော့ ။ လူတင်မက နာမည်ပါလှသည့် အစ်မ ပါလေ ။ သက်ဝေ တဲ့ ... ။

" မေရီရေ သမီးလေး ထမင်းစားကြစို့ကွယ် "

သားသမီးမရှိသည့်အတွက် ဘွားလေးတို့လင်မယားက မေရီ့ကို တုန်နေအောင်ချစ်ကြသည် ။ ဘိုးလေးက အငြိမ်းစားဝတ်လုံတော်ရတစ်ဦးဖြစ်ပြီး ဘွားလေးကတော့ သာမာန်အိမ်ရှင်မတစ်ဦးပင် ။ သို့သော် အတန်အသင့်တော့ ချမ်းသာကြသည်ဖြစ်၍ မေရီ့အဖို့ ဘာဆိုဘာမှ မပူရပေ ။

" ဒီနေ့ သမီးကြိုက်တဲ့ ပဲနီလေးနဲ့ကြာဇံရယ် ၊ ခရမ်းချဉ်သီး ပန်ထွေဖျော်ရယ် ၊ ကြက်သားဆီပြန်လေးရယ် ချက်ထားတယ် "

" ဘွားလေးကလည်း အလုပ်ရှုပ်အောင် ။ မေရီက ဘာနဲ့ဖြစ်ဖြစ် စားတတ်ရဲ့နဲ့ "

ထမင်းစားနေရင်း မေမေတို့ဆီမှစာမလာတာကြာပြီကို မေရီ သတိထားမိသည် ။ အမှန်ဆို မေမေဟာ တစ်ပတ်တစ်ခါ သို့မဟုတ် ၅ ရက်တစ်ခါ မေရီ့ဆီစာထည့်နေကျ ။ ခုတော့ မေမေ့ဆီက စာမလာတာ ၂ ပတ်ကျော်ပေါ့ ။

" သမီး ဘာငိုင်နေတာလဲ ။ ထမင်းစားမကောင်းဘူးလား "

" မဟုတ်ပါဘူး ဘွားလေးရယ် ။ မေမေတို့ဆီက စာမလာတာကြာပြီမို့ပါ "

" လာမှာပါ ငါ့သမီးရယ် ။ သိပ်စိတ်ပူမနေပါနဲ့ "

သို့သော် မေရီ့၏ ပျော်ရွှင်စရာ အခြေအနေက သိပ်ကြာကြာမခံလိုက်ပါ ။ ထမင်းစားပြီး မကြာခင်မှာပင် မေရီ့နာမည်နှင့် ကြေးနန်းစာရောက်လာသည် ။ ကြေးနန်းစာက အတိုချုံး ။ သို့သော် ငိုရန် လုံလောက်သည့် အကြောင်းပြချက်ဖြစ်ခဲ့ပါသည် ။

ချစ်သက်ဝေWhere stories live. Discover now