အပိုင်း (၆)

1.1K 134 10
                                    

- ရေစက် -

သက်ဝေ အေဝမ်းရုပ်ရှင်လောကထဲကို စရောက်တော့ သက်ဝေ တတ်သမျှပညာတွေကို ထုတ်ပြရသည်။ အခြားသော မင်းသမီးများ၏ အမူအရာကို လေ့လာရသည်။ တစ်ဖန်ပြန်၍ လေ့ကျင့်ရသည်။

ကျောင်းဆက်မတက်တော့သော်လည်း ဇာတ်ဝင်ခန်းထဲတွင် အင်္ဂလိပ်စကားပြောနိုင်စေရန် အင်္ဂလိပ်စာသပ်သပ်သင်ရသည်။ ‌ကိုယ်သဘောကျသည့်အရာကို လုပ်နေရသဖြင့် သက်ဝေအဖို့မှာ မောသည်လည်းမရှိ၊ ပန်းသည်လည်းမရှိ။

သက်ဝေ ပထမဦးဆုံးပါဝင်ခဲ့ရသည့်ဇာတ်ကားအမည်မှာ ' မျှော်ရည်မှန်း လွမ်းမပြေ ' ဖြစ်သည်။ သက်ဝေ ရန်ကုန်သို့ရောက်ပြီး ရှစ်လအကြာတွင် စတင်သရုပ်ဆောင်ရသော ဇာတ်ကားဖြစ်သည်။ ဇာတ်ဆောင်မင်းသား၊ မင်းသမီးအနေဖြင့် ကျော်ဦး နှင့် မေတင့် တို့ပါဝင်ထားပြီး သက်ဝေက မေတင့်၏ညီမ ဇာတ်ပို့နေရာက ပါဝင်ရသည်။

ဇာတ်ကားရိုက်နေစဉ် ပြဿနာတစ်စုံတစ်ရာမရှိ။ နောက်ဆုံး ဇာတ်လမ်းအစ မင်းသား၊ မင်းသမီးနာမည် စာတန်းထိုးရာတွင် ပြဿနာတက်လေတော့သည်။

ထိုစဉ်က အေဝမ်းရုပ်ရှင်တွင် မူတစ်ခုရှိသည် ။ အေဝမ်းမှ ထွက်သည့် မင်းသမီးအားလုံး၏ နာမည်သည် ' မေ ' ဖြင့်စသည် ။ သို့သော် သက်ဝေက သူ့နာမည်ကို ပြောင်းတာမကြိုက် ။ သက်ဝေသည် သက်ဝေပဲဖြစ်ရမည်ဟု တင်းခံသည် ။ နောက်ဆုံးတော့ အေဝမ်းက အလျှော့ပေးကာ အနုပညာနာမည်ကို သက်ဝေဟုပင် ယူစေခဲ့သည် ။ ဤသို့ဖြင့် သက်ဝေသည် အေဝမ်းရုပ်ရှင်၏ မူကိုပယ်သော ပထမဆုံးမင်းသမီးဖြစ်လာခဲ့သည် ။

" သက်ဝေတို့ ခေါင်းကြောမာချက်များဟေ့ တုတ်နဲ့ရိုက်ရင်တောင် ရိုက်တဲ့တုတ်ပဲကျိုးမှာ သူ့ခေါင်းကွဲမယ့်ပုံမပေါ်ဘူး "

သက်ဝေ ခေါင်းမာသည့်ပုံကို ဦးညီပုက ထိုသို့စတတ်သည် ။ သက်ဝေကတော့ ဘာမှပြန်မချေပဘဲ ပြုံးနေသည်သာ ။

သက်ဝေ၏ပထမဆုံးဇာတ်ကားသည် စတင်ရိုက်ကူးသည့်နေ့မှ ၃ လတိတိအကြာတွင် ရုံတင်သည် ။ ဇာတ်ကားက အောင်မြင်သော်လည်း သက်ဝေကတော့ ပရိသတ်နှုတ်ဖျား ရေပန်းစားခဲ့ခြင်းမရှိသေးပေ ။ ထိုအတွက်လည်း သက်ဝေ ဝမ်းမနည်းပါ ။ သက်ဝေ ဒီ့ထက်အများကြီးပိုကြိုးစားပြီး ပရိသတ်ရှေ့ချပြမည်ဟုသာ သန္နိဌာန်ချထားလိုက်သည် ။

ချစ်သက်ဝေWhere stories live. Discover now