အပိုင်း (၁၆)

795 90 11
                                    

- ရွှေမန်းဆီသို့ -

" ရွှေမန်းဆီသို့
တစ်ခါတစ်ခေါက်ဖြင့်ရောက်စေချင်သည်
ကျုံးတော်ပတ်လည် မြမြို့ရိုး
ပြအိုးပစ္စင် ကာရံကာအတည်
မြန်မာစံ ဌာနီ သာယာပါပေ့သည်
ရေရိပ်ရေအောက်ဆီ
နေခြည်ဟပ်ကာ အလွန်ပနံရလှသည် ..."

မဟာမြတ်မုနိဘုရားအား ဦးခိုက်ပြီး စောင်းတန်းထဲလျှောက်ကြည့်စဉ်တွင် ဦးဘသိန်းက ရေးစပ်ခဲ့သော မန္တလေးမြို့ဖွဲ့ သီချင်းတစ်ပုဒ်ဖြစ်သည့် ရွှေမန်းဆီသို့ သီချင်းက သက်ဝေ နားထဲသို့ အလိုလိုရောက်လာသည်။ သက်ဝေ သိပ်လွမ်းခဲ့ရသည့် မွေးရပ်မြေ မဟုတ်ပါကလား။

" အေးချမ်းလိုက်တာ မမဝေရယ် "

" ဟုတ်ပါ့ ဒါကြောင့် လူကြီးသူမတွေကပြောခဲ့ကြတာပေါ့ ဘုရားရိပ်တရားရိပ်က သိပ်အေးချမ်းတယ်လို့ "

ဘုရားတန်ဆောင်းတွင် နှစ်ယောက်သား လမ်းလျှောက်ရင်း စကားပြောလျှက်ရှိကြသည်။ မနက်စောစောပေမို့ ဈေးဆိုင်အချို့တောင် စုံလင်အောင်မဖွင့်သေးပေ။

" မေရီ မမနဲ့စတွေ့တာ ဟောသည် ဘုရားမှာလေ ခပ်ငယ်ငယ်ပဲရှိဦးမှာပေါ့ လူကြီးတွေမပါဘဲ လျှောက်သွားနေတာလေ "

မေရီက ကကြီးပုံနှုတ်ခမ်းလေး ညွှတ်ကွေးသွားအောင် ပြုံးကာ သက်ဝေပြောသည်ကို နားထောင်နေသည်။ သို့သော် မှတ်မိပုံတော့မရ။

" ဒါဖြင့် မေရီတို့က ငယ်ငယ်ကတည်းက‌ တွေ့ရမယ့်ကံကိုပါ‌တာပေါ့နော် "

" အင်း ဟုတ်မယ်နဲ့တူပါတယ် ဒီမဟာမုနိဘုရားမှာစခဲ့တဲ့ရေစက် လို့ခေါ်ရမှာပေါ့ "

" ဟင် မဟာမုနိ ဟုတ်လား မမ မေရီက ဘုရားရဲ့ဘွဲ့တော်ကို မဟာမြတ်မုနိလို့ထင်တာ "

" မဟုတ်ဘူး မေရီရဲ့  မဟာမုနိရုပ်ရှင်တော်ကြီးရဲ့ ဘွဲ့အမည်က မဟာမုနိ ပဲ မဟာမြတ်မုနိ မဟုတ်ဘူး။ ဒါပေမယ့် လူတွေကတော့ မဟာမြတ်မုနိ၊ ဘုရားကြီး၊ ရခိုင်ဘုရား အမျိုးမျိုးခေါ်ကြတာပေါ့ "

မေရီက သက်ဝေပြောသမျှကိုနားထောင်ရင် နားတွင်ပန်ဆင်ထားသည့် ပတ္တမြားနားဆွဲလေး လှုပ်ခတ်သွားရုံမျှ ခေါင်းညိတ်ပြသည်။ မေရီ့ပုံစံက သက်ဝေပြောသမျှကို စိတ်ဝင်တစားနားထောင်နေသည့် ကလေးငယ်တစ်ယောက်နှင့်တူသည်။ ထို့အပြင် ဝတ်စားဆင်ယင်ပုံမှာလည်း ပုံမှန်နှင့်မတူ ထူးခြားနေသည်။

ချစ်သက်ဝေWhere stories live. Discover now