အပိုင်း (၂၄)

586 72 8
                                    

- စိန်ခြူးကြာညောင် လရောင်လင်းသော် -

" သမီးရေ မေမေတို့ အသိအိမ်က ဘုရားကိုးဆူဖိတ်ထားတယ် သွားရအောင်နော် "

" ညနေစောင်းနေပြီ မေမေရယ် ဝေ မလိုက်ချင်ဘူး။ ဝေ ဘုရားကန်တော့ရဦးမယ် "

ဘုရားပန်းများ ရေလဲနေရင်း သက်ဝေ မေမေ့ကို စကားပြန်လိုက်သည်။ မေရီနှင့်ကိစ္စကို မေမေက မရှိခဲ့သလို သဘောထားနေသဖြင့် မေမေနှင့် သက်ဝေ၏ ဆက်ဆံရေးမှာ ပုံမှန်လိုပင် ရှိနေခဲ့သည်။ သက်ဝေကတော့ မေရီမရှိသည့် နေ့ရက်များတွင် ဘုရားတရားကိစ္စများကို ပိုမိုအားစိုက်၍ မေရီ့ဘဝ ကြည်လင်ပါစေကြောင်း အမြဲမေတ္တာပို့သည်။ သိပ်လွမ်းလာလျှင် ဓာတ်ပြားဖွင့်၍ မေရီ့အသံချိုချိုကို နားထောင်ကာ မေရီ ပို့သော စာများကို အထပ်ထပ်ပြန်ဖတ်ခြင်းဖြင့် အလွမ်းဖြေရသည်။

" ဘုရားကိုးဆူကလည်း ကုသိုလ်‌တစ်မျိုးပါပဲ သမီးရယ် လိုက်ခဲ့စမ်းပါ "

" ဟုတ်ပြီ မေမေ အဲတာဆို ဝေ ဘုရားပန်းကပ်လိုက်ဦးမယ်။ ပြီးမှ အဝတ်အစားလဲပြီး ဆင်းခဲ့မယ် "

" အေးအေး ဟုတ်ပြီ "

ဘာမှသိပ်မပြင်ဆင်ထားဘဲ ရင်ဖုံးထဘီဝမ်းဆတ်နှင့် သနပ်ခါးပါးပါးလိမ်းထားရုံဖြင့်ပင် သက်ဝေ၏အလှက တစိမ့်စိမ့်ကြည့်ချင်စရာကောင်းလှသည်။ ထူးခြားစွဲမက်စရာအလှမျိုးမဟုတ်သော်လည်း ကြည့်လေ ကြည့်လေ ရင်အေးစေသော လှပခြင်းမျိုးကို ပိုင်ဆိုင်ထားသဖြင့် လမ်းမှာတွေ့သည့် ပုရိသများ လည်ပြန်ပင်လှည့်ကြည့်ရလေသည်။

သက်ဝေတို့စီးလာသည့် မြင်းလှည်းက ခြံဝင်းတစ်ခုရှေ့တွင်ရပ်လိုက်သည်။ ကျယ်ဝန်းလှသော ခြံထဲမှ နှစ်ထပ်တိုက်အိမ်ကြီးကတော့ ထိုမိသားစု၏ ကြွယ်ဝမှုကို အထင်းသားဖော်ပြနေသည်။ မေမေတို့က ဘုရားကိုးဆူရှိသဖြင့်လာသည်ဟုပြောသော်လည်း ထိုအိမ်ထဲတွင်တော့ လူများရှိနေဟန်မတူပါ။ ခြံဝင်းတံခါးကို အလုပ်သမားတစ်ဦးမှဖွင့်ပေး၍ သက်ဝေတို့ကို တိုက်ကြီးထဲသို့ခေါ်သွားသည်။

" ဆရာ ဧည့်သည်တွေရောက်ပါပြီ "

ထိုအလုပ်သမားက ခေါ်လိုက်သောအခါ ပုဆိုးနှင့်တိုက်ပုံအဖြူဝတ်ထားသော အမျိုးသားကြီးတစ်ဦးနှင့် သက်ဝေနှင့် မတိမ်းမယိမ်း လူရွယ်တစ်ယောက် ပါလာလေသည်။

ချစ်သက်ဝေWhere stories live. Discover now