အပိုင်း (၁၇)

756 87 9
                                    

- သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ -

မန္တလေးမှ ပြန်လာကတည်းက မေရီ့အပြုအမူများ တစ်မျိုးဖြစ်နေသည်။ ထူးဆန်းနေသည်ဟုပဲ ဆိုရမလား ဘယ်လိုပြောပြရမလဲတော့ သက်ဝေ မသိပါ။ သို့သော် မကောင်းသည့် ပြောင်းလဲနေခြင်းမျိုးတော့ မဟုတ်ပေ။ ဒါဖြင့် ထိုပြောင်းလဲခြင်းက ကောင်းသလားဆိုပြန်တော့လည်း သက်ဝေ မပြောတတ်ပြန်။

ယခုရက်ပိုင်းတွင် မေရီသည် အရင်ကထက် သက်ဝေကို ပို၍တွယ်ကပ်လာသည်။ သက်ဝေ၏ရှူတင်ရိုက်ကွင်းတိုင်းကို သူပါလာတတ်သည်။ နောက်ခံသီချင်းအဆင်ပြေမပြေ သိချင်လို့ပါဟု အကြောင်းပြလျက် ရိုက်ကွင်းတိုင်းနီးပါးမှာ မေရီ ရှိနေတတ်သည်။ ထို့အပြင် သက်ဝေနှင့်အတူတွဲသရုပ်ဆောင်သည့် မင်းသားများက သက်ဝေအပေါ် လိုတာထက်ပို၍ သဘောကောင်းနေကြလျှင်လည်း မေရီက သဘောမကျတတ်ပြန်ပေ။

" မသက်ဝေ "

" ဟုတ်ကဲ့ ကိုသန်းနိုင် ပြောပါရှင် "

" ဒီညနေ အားလားမသိဘူး ကျွန်တော် မသက်ဝေကို ညနေစာ ဧည့်ခံချင်လို့ပါ "

" မမဝေ မအားဘူးရှင့် မေရီ အခုပဲ မမဝေကိုလာကြိုတာ လာ မမ စကော့ဈေးသွားရအောင် ဟိုးမယ် မမထွေးလည်းစောင့်နေတယ် "

ဘယ်အချိန်က ရောက်လာမှန်းမသိသည့် မေရီက သက်ဝေတို့ကြားသို့ ဖြတ်ဝင်ကာ ပြောလိုက်သည်။ ကိုသန်းနိုင် မျက်နှာ  ကွက်ခနဲပျက်သွားသည်။ သို့သော် ထပ်ပြီး မျက်နှာပျက်စရာမျိုးမဖြစ်စေရန် သက်ဝေကပင် ကိုသန်းနိုင်ကို အားနာပြုံးလေးတစ်ချက်ပြုံးကာ

" ဝေ ငြင်းပါရစေရှင်။ စိတ်မရှိရင် ဝေ့ကို ခွင့်ပြုပါဦးနော် ညီမတွေနဲ့ ဈေးသွားမယ် ပြောထားမိလို့ပါ ကိုသန်းနိုင် "

" ရပါတယ်ဗျာ ရပါတယ် "

ကိုသန်းနိုင်နှင့် တော်တော်ဝေးတော့မှ သက်ဝေ မျက်နှာထားခပ်တည်တည်ဖြင့် မေရီ့ကို မေးသည်။

" မေရီ ဒါဘာလုပ်တာလဲ "

" ဘာလုပ်ရမှာလဲ မမရဲ့ ဈေးသွားဖို့လာခေါ်တာလေ "

ချစ်သက်ဝေNơi câu chuyện tồn tại. Hãy khám phá bây giờ