အပိုင်း (၄)

1K 131 14
                                    

- ကံကြမ္မာ -

" ကိုဘရင် "

" ဘာတုန်း "

" သက်ဝေက ၇ နှစ်တောင်ပြည့်တော့မယ်။ တော် ကလေးကို ကျောင်းထားဖို့အစီအစဉ်မရှိဘူးလား "

ကိုဘရင်သက်ပြင်းချလိုက်သည်။ သက်ဝေကို အိမ်မှာ ကိုဘရင် စာသင်ပေးနေသည်ဆိုပေမယ့် ကိုဘရင်ကလည်း အလုပ်ရှုပ်သူမို့ သိပ်ထိထိရောက်ရောက်မသင်ပေးနိုင်။

" အင်း ငါ ဝစ္စလီကျောင်းမှာထားမလို့ တွေးထားတယ် "

" တော့် သဘောပါ။ ကျုပ်က သမီးကိုစာတတ်စေချင်တာ။ ကျုပ်တို့တုန်းက မိန်းကလေးစာမတတ်လည်း ဘာအရေးလဲ။ ကောက်စိုက် ပျိုးနှုတ် ဒါပဲလေ။ အခုက ‌တိုင်းရေးပြည်ရေးနဲ့ ကျုပ် သမီးကို မျက်စိသူငယ် နားသူငယ်မကျန်ခဲ့စေချင်ဘူး "

မညွန့်စကားကြားတော့ ကိုဘရင်ပင် အံ့အားသင်ခဲ့ရသေးသည်။ ယခုထက်ထိတိုင် မြန်မာနိုင်ငံတွင် ပညာရေးကို သိပ်အားပေးကြသည်မရှိသော်လည်း မညွန့်မှာယခုလို စိတ်ကလေးရှိတာကိုသိရတော့ ကိုဘရင် ဝမ်းသာမိသည်။

" အေးပါ အကြီးကောင်တွေနဲ့အတူ ဝစ္စလီကျောင်းမှာပဲ အပ်လိုက်မယ်။ အဲတော့ ကျောင်းသွားလည်း အစ််ကိုတွေနဲ့အတူသွားလို့ရတာပေါ့ "

ဤသို့ဖြင့် သက်ဝေ ၇ နှစ်ပြည့်ခါနီး ၁၉၂၆ ခုနှစ်တွင် ဝစ္စလီကျောင်း၌ အတန်းပညာစတင်ခဲ့သည်။ ဝစ္စလီကျောင်း ( ယခု အမှတ် (၁၆) ကျောင်း ) တွင် မြန်မာဘာသာမှအပ ကျန်ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုသင်ရသည်။ သက်ဝေ ကျောင်းစနေသည့်ရက်မှလွဲ၍ ‌နေ့တိုင်းလိုလို ကျောင်းသွားလျှင် အစ်ကိုနှစ်ယောက်နှင့်အတူ သွားရသည်။

ကျောင်းတက်နေရသည်ဆိုပေမယ့် သက်ဝေစိတ်က စာထဲမှာချည်းရှိ‌မနေပေ။ ကျောင်းကပွဲများက သက်ဝေစိတ်ကို စာမှသွေဖယ်အောင် ဆွဲဆောင်နေကြသည်။ ကျောင်းမှ ဆရာမကြီးများက အေးအေးဆေးဆေးနေတတ်သော သက်ဝေကို ချစ်ကြသည်။ ထို့အပြင် သက်ဝေ စိတ်ဝင်စားတတ်မှန်းသိ၍ ကျောင်းကပွဲများပါဝင်နိုင်ရန်လည်း အတတ်နိုင်ဆုံးကြိုးစားပေးကြသည်။

ထိုခေတ်ကာလက အိ‌န္ဒြေသိက္ခာရှိသော မိကောင်းဖခင်သားသမီးများအတွက် ဆိုရကရခြင်းကို မိသားစုများက ခွင့်မပြုကြပါ။ သက်ဝေပင်လျှင် ငယ်ငယ်ကကြည့်ခဲ့ရသည့် " မေတ္တာနှင့်သူရာ " ရုပ်ရှင်ကလွဲ၍ အခြားရုပ်ရှင်မကြည့်ဖူးပေ။ သက်ဝေကိုယ်တိုင် ဆိုရကရဖို့နေနေသာသာ ရုပ်ရှင်မကြည့်ရ၊ ဝတ္ထုမဖတ်ရဆိုသော ဖေဖေ့စည်းမျဉ်းအောက်တွင် ကျောင်းကပွဲမှာပါဝင်နိုင်ဖို့ အတော်ကြိုးစားရပါသည်။

ချစ်သက်ဝေWhere stories live. Discover now