အပိုင်း (၂၀)

732 83 11
                                    

- ရေတံခွန်သွယ်ဖြာ စီးလို့ရယ် -

" မမဝေ သည်ကနေ့ ရိုက်ကွင်းက ဘယ်ချိန်ပြီးမှာလဲဟင် "

မေရီ့အိမ်က မီးဖိုထဲတွင် အိမ်ရှင်မတစ်ဦးနှယ် ချက်ပြုတ်နေသည့် မမဝေကို မေရီ ထမင်းစားပွဲတွင် ထိုင်ကြည့်ရင်း ‌လှမ်းမေးလိုက်သည်။ မမဝေက ချက်လက်စဟင်းအိုးကို မွှေနေရာမှ ခဏရပ်၍ မေရီ့ဘက်သို့လှည့်ကာ

" ညနေမှ ပြီးမယ်ထင်တယ် ရီ ဘာပြုလို့လဲ "

" ဟင် ရီက ညနေဘက် မမနဲ့ ဟိုနားသည်နား လမ်းလျှောက်ချင်လို့ဟာကို "

" အဲသလောက်ထိ တို့ အနားကပ်နေချင်ရင် လူမဟုတ်ဘဲ တောက်တဲ့လေးပဲ လုပ်လိုက်ပါ့လားကွယ် "

" အဲလိုရရင် လုပ်လိုက်ချင်တာ မမရယ် မရလို့ပေါ့ "

" အခုလည်း ကြီးစော မရှိလို့ မမဝေ မနက်စောစောကတည်းက ရီ့ဆီလာနေတာပဲ။ ချက်ပြုတ်ပေးပြီးမှ ပြန်တဲ့ဟာ တွေ့ချိန်တွေရနေသားဟာကို ကလေးရယ် "

" ရီ့အတွက် လုပ်ပေးနေရတာ မမဝေ ပင်ပန်းတယ်လေ ရီက မမဝေပင်ပန်းတာကို မကြည့်ရက်ပါဘူးဆိုခါမှ ပင်ပန်းအောင်လုပ်နေတာ ရီဖြစ်နေတယ် ခက်တော့တာပဲ "

" မမဝေ ပင်ပန်းတယ်လို့ ဘယ်သူကပြောလဲနော် မမဝေ တစ်စက်ကလေးမှ မပင်ပန်းဘူး ဟောသည်က အမောပြေ ရီကလေးရှိနေတာပဲကွယ် မမဝေ ဘယ်ပင်ပန်းလိမ့်မတုန်း "

" အို မမဝေကလည်း "

မမဝေသည် ချွဲတာ နွဲ့တာမျိုး သိပ်မလုပ်တတ်ပါ။ သို့သော် တစ်ခါ တစ်ခါ အမူပိုပိုလေး ပြောလိုက်လျှင်လည်း သိပ်ကို အသည်းယားစရာကောင်းနေတတ်သည်။

" ဟောရှင် သူကပြန်ရှက်ရသေးသတဲ့ "

သက်ဝေတို့နှစ်ယောက်၏ ရယ်သံကလေးများသည် အိမ်ထဲတွင် မင်္ဂလာရှိစွာ ပျံ့လွင့်သွားသည်။ နေ့ရက်တိုင်းကို ယခုကဲ့သို့ သက်ဝေတို့၏ ရယ်သံများဖြင့်သာ ပြည့်နှက်နေစေချင်သည်။

" ချစ်သူဖြစ်ပြီးကတည်းက ခုလို ခဏတစ်ဖြုတ်ပဲ တွေ့ရတာလေ။ မဟုတ်ရင်လည်း ရိုက်ကွင်းမှာ တွေ့ရတာမျိုးပဲရှိတာ။ ရီတို့နှစ်ယောက်သီးသန့်အချိန်လေးတော့ လိုချင်သေးတယ် မမဝေရယ် "

ချစ်သက်ဝေWhere stories live. Discover now