အပိုင်း (၂၁)

Start from the beginning
                                    

" ရီကတော့ မမနဲ့မခွဲရဖို့ပဲ ဆုတောင်းတယ် "

" ရီ ရယ် မမတို့ မခွဲရပါဘူး။ မမကလည်း ရီ့လက်ကို လွှတ်ချခဲ့ဖို့ အစီအစဉ်မရှိသလို အဲလို ထားခဲ့ဖို့ အင်အားလည်းမရှိဘူး သိသလား "

" ရီလည်း တူတူပါပဲ။ ကြားကဖျက်ရင်တောင် မပျက်အောင် ရီ ကြိုးစားပါ့မယ် "

" ဒါဖြင့် ဘာပူစရာလိုသေးသလဲ ရီရယ် လာ သွားရအောင် ဘုရားကို တစ်ပတ်ပတ်ကြမယ် "

အရင်ထနှင့်ပြီး လက်ကမ်းပေးသော မမဝေ၏ လက်ဖဝါးနုနုကို လှမ်းဆွဲကာ မေရီ ထိုင်ရာမှ ထလိုက်သည်။ ထို့နောက် မမဝေလက်ကို မဖြုတ်စတမ်းတွဲ၍ ဘုရားတစ်ပတ်ပတ်ရင်း မမဝေ သိလိုသမျှကို ဖြေပေးလိုက်သည်။

" အခု ရီတို့ ဘုရားကန်တော့ခဲ့တဲ့ အရှေ့ဘက်မုခ်က ဆင်းတုတော်ဘွဲ့အမည်က ရတနာမာရ်အောင်၊ တောင်ဘက်မုခ်က ရတနာဉာဏ်အောင်၊ အနောက်ဘက်မုခ်က ရတနာဈာန်အောင် ပြီးတော့ မြောက်ဘက်မုခ်က ရတနာရန်အောင် တဲ့။ ဉာဏ်တော်အတိုင်းအတာကတော့ ၃ ပေကနေ ၄ ပေခွဲခန့်ရှိတယ်လို့ပြောတယ်။ ပြီးတော့ ရုပ်ပွားတော်တွေရဲ့ အောက်ခြေမှာ မြန်မာသက္ကရာဇ် (၅၃၆) ခုနှစ်လို့ ကမ္ပည်းရေးထိုးထားတာရှိတယ် မမရဲ့။ အဲဒါကိုကြည့်ပြီး ဆင်းတုတော်တွေက ပုဂံခေတ်လက်ရာတွေဆိုတာ သိရတာပဲ "

" မမကိုသာ ဗဟုသုတများတယ်ပြောနေတာပါ ရီကလေးက မမထက်တောင် ပိုပြီး သိနေပါရောလား တော်လိုက်တာကွယ် "

" ဖေဖေပြော‌ပြထားတာတွေပါ ငယ်ငယ်ကတည်းက ဘော်ကြိုဘုရားရောက်တိုင်းပြောနေတော့ ရီလည်း မှတ်မိနေတာ "

" ဘော်ကြိုဘုရားက သိပ်မကြီးပေမယ့်လို့ ဘုရားပွဲတော့ စည်တယ်ကြားဖူးတယ်။ တော်တော်များများလည်း လာကြတယ်တဲ့။ မမဝေတို့ အရင်နေခဲ့တဲ့ရပ်ကွက်ထဲက အဒေါ်ကြီးတွေဆို ဒီဘုရားပွဲကို ရောက်ဖူးကြတယ်ပြောတယ်။ မမဝေတို့တော့ မေမေက ခရီးသွားရတာ သိပ်ဝါသနာမပါလို့ ဘယ်မှမရောက်ဖြစ်ခဲ့ပါဘူး။ ရန်ကုန်တောင် ဖေဖေ ဇွတ်သွားလို့ ငယ်ငယ်က တစ်ခေါက်ရောက်ရတာ "

ချစ်သက်ဝေWhere stories live. Discover now