-"ရွမ်​ရှောက်နန်"
-ရိထျန်း လုပ်ငန်းစုရဲ့ဥက္ကဌဖြစ်ပြီး လက်ရှိစီးပွား​ရေး​စျေးကွက်ကို ခြယ်လှယ်ထားနိုင်တဲ့သူ

ရွမ်​ရှောက်နန် နဲ့ လု​ဝေ့ရှီဟာ ​ဝေ့ရှီအသက်၁၄နှစ်အရွယ်မှာ နှစ်ဦးသားစတင်ပြီး​တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ လုအိမ်​တော်တစ်ခုလုံးရဲ့အနိုင်ကျင့်ခံဘက်​လေး ဖြစ်တဲ့ ​ဝေ့ရှီဟာ သူမအ​ပေါ် ပထမဆုံး အ​​ကောင်းမွန်ဆုံး​တွေကို ​ပေးခဲ့တဲ့ ရွမ်​ရှောက်နန်ကို အသက်၁၄နှစ်အရွယ်မှာကတည်းက သံ​ယောဇဥ်တွယ်ပြီးချစ်ခင်ခဲ့ပါတယ်။ရွမ်​ရှောက်နန်ကလည်း အလားတူဖြစ်တဲ့အတွက် ငယ်ရွယ်တဲ့အချိန်မှပဲ နှစ်ဦးသားကတိကဝတ်ပြုခဲ့ကြပါတယ် "​ဝေ့ရှီ..ကြီးလာလို့ရှိရင် ​သေချာ​ပေါက် ကိုယ်ရဲ့သတို့သမီး​လေးလုပ်ရမယ်​နော်.." သို့​သော် ကံကြမ္မာက မျက်နှာသာမ​ပေးခဲ့လို့ လုသခင်ကြီးရဲ့ရန်ငြိုး​​တွေကြောင့် ရွမ်​ရှောက်နန်တို့မိသားစုက ပျက်ဆီးသွားခဲ့ရပြီး အ​မေတစ်ခုသားတစ်ခုက နိုင်ငံခြားကို ထွက်​ပြေးခဲ့ရပါတယ်..

ပြန်​ရောက်လာခဲ့တဲ့ ရွမ်​ရှောက်နန်က ​ဝေ့ရှီကို ချစ်​​နေသေးလား?...

Male Lead

-"​လင်း​လော့ချွမ်"
-မိသားစုအသိုင်းအဝိုင်းက စစ်တပ်ရဲ့ရာထူးကြီး​တွေဖြစ်​နေ​ပေမယ့် တစ်ဦးတည်းကွဲထွက်ပြီး စီးပွား​ရေးလုပ်​နေတဲ့ အဆင့်အတန်းမြင့်အိမ်​တော်ကသခင်​လေး
-ရွမ်​ရှောက်နန်ရဲ့ အ​ကောင်းဆုံးသူငယ်ချင်းတစ်​ယောက်

လု​ဝေ့ရှီကို "Alluring" မှာစ​တွေ့ပြီး သ​ဘောကျခဲ့​ပေမယ့် သူငယ်ချင်းဖြစ်သူရဲ့မိန်းက​လေးဖြစ်တဲ့အတွက်​ကြောင့် ​နောက်ဆုတ်ပြီးလက်​ရှောင်​နေ​ပေးခဲ့တယ်။​တွေ့ပါမြင်ပါများပြီး ​ဝေ့ရှီကို တစ်ကြိမ်တစ်ခါက နာကျင်​အောင်လုပ်မိခဲ့တဲ့စိတ်​တွေက ​သံ​ယောဇဥ်အဖြစ်ပြောင်းသွားတဲ့အခါ...

Female Lead

-"လု​​ဝေ့ရှီ"
-ပန်းချီအနုပညာ​ကောလိပ်​ကျောင်းသူ
-asthma ပန်းနာရင်ကြပ်​ရောဂါသည်​လေးတစ်​ယောက်

လု​ဝေ့ရှီဟာ လုအိမ်​တော်ရဲ့ ​နောက်မယားက​နေ​မွေးလာတဲ့က​လေးဖြစ်တဲ့အတွက် မျက်နှာ​သာ​ပေးမခံရတဲ့အပြင် တစ်အိမ်လုံးရဲ့အနိုင်ကျင့်ခံဘက်​လေးပါ။ရွမ်မိသားစုနဲ့လုမိသားစုဟာ ရန်သူ​တွေဖြစ်သွားပြီး​​နောက် အိမ်​တော်က​​နေဆင်းလာပြီး မိဘမဲ့​​ဂေဟာက​နေသာ မိဘမဲ့တစ်​ယောက်အဖြစ်ကြီးပြင်းလာခဲ့ရပါတယ်။​ဆွေမရှိ မျိုးမရှိ ​ဝေ့ရှီ​မှာ သူ့လိုမိဘမဲ့သူငယ်ချင်း​တွေသာရှိခဲ့ပါတယ်။​ရွမ်​ရှောက်နန်ပြန်လာ​ရောက်လာပြီး​နောက် အေးချမ်း​နေတဲ့ ၇နှစ်တာကာလလုံးဟာ က​မောက်ကမ​တွေနဲ့ စတင်ရပါ​တော့တယ်...

Alluring [ ဘာသာပြန် ]Where stories live. Discover now