" Alluring "(绝色倾城) ဆိုတဲ့ကလပ်ဟာ အာရှမှာဆိုရင် "ရွှေရောင်လိုဏ်ဂူ" လို့နာမည်ကြီးတဲ့နေရာတစ်ခု။အထက်တန်းစားဆန်တဲ့အပြင်အဆင်တွေ အဆင့်အတန်းမြင့်တဲ့အရည်အသွေးတွေကြောင့် ပြည်ပတွေအထိပါ "ပန်းရောင်လေးများစုဝေးရာစစ်တပ်" လို့ လှလှပပ ခေါ်ဝေါ်ပြီး အဆင့်သတ်မှတ်ထားပါသေးတယ်။
"လုဝေ့ရှီ"ဆိုတဲ့ ပန်းချီအနုပညာကောလိပ်ရဲ့ကျောင်းသူလေးတစ်ယောက်က စာသင်ကြေးတွေအတွက် "Alluring" ကိုလာပြီး လိုအပ်တဲ့အပိုဝင်ငွေကို ရှာနေတဲ့သူတစ်ယောက်ပါ။မထင်မှတ်ထားတဲ့အတိုင်း "လင်းလော့ချွမ်" ဆိုတဲ့ အဆင့်အတန်းမြင့်တဲ့အိမ်တော်ရဲ့သခင်လေးကို အပြစ်ပြုမိတဲ့အတွက်ကြောင့် ဘဝတစ်သက်လုံးစာလုံးမှာ တစ်ခါမှမကြုံခဲ့ဖူးနိုင်လောက်တဲ့ အဆိုးဆုံးညတစ်ညရဲ့ဒုက္ခတွေကို ခံစားခိုင်းပါတော့တယ်။အဆုံးမှာ "လင်းလော့ချွမ်"ရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်တဲ့ စီးပွားရေးလောကရဲ့အင်အားအကြီးမားဆုံး "ရွမ်ရှောက်နန်" ရဲ့ကယ်တင်မှုကြောင့် လွှတ်မြောက်ခွင့်ရရှိခဲ့ပါတယ်...
သို့သော် "ဝေ့ရှီ" ရဲ့ ၂၁နှစ်ပြည့်မွေးနေ့ညမှာ ထိုနေ့ညက ကယ်တင်ပေးခဲ့တဲ့အမျိုးသားက ကြေးအများကြီးတင်ပြီး ဝေ့ရှီရဲ့ပထမဆုံးညကို ဝယ်ယူခဲ့ပါတယ်။သူ့ရဲ့သန်မာလွန်းတဲ့ခန္ဓာကိုယ်က သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖိထားပြီး နားဖျားလေးတွေအထိကပ်ပြီး ရက်ရက်စက်စက်ပြောထွက်လာတဲ့စကားလုံးတွေက "ဝေ့ရှီ...မင်းက ငါ့ရဲ့အပိုင်ဖြစ်သွားပြီ.."
ထိုစကားလုံးတွေက နားထဲဝင်လာတဲ့အချိန်မှစပြီး ဝေ့ရှီသိလိုက်ရတာက သူမ ၇နှစ်လုံးလုံးရှောင်ပြေးနေခဲ့တဲ့ကံကြမ္မာကြီးက မျက်စိရှေ့တည့်တည့်ကိုရောက်လာပြီဆိုတဲ့အကြောင်းပါ။ဝေ့ရှီရဲ့ အဖော်မဲ့အထီးကျန်ပြီးသိုသိုသိပ်သိပ်နေခဲ့တဲ့ ၂၁နှစ်တာကာလဟာ ဘယ်တော့မှထပ်ပြီး အေးချမ်းနိုင်တော့မှာမဟုတ်ပါဘူး...
Original Description လေးပြီးတော့ ကိုယ့်ရဲ့ description လေးဆက်လိုက်ရအောင်...
ဒီ novel က Male Lead နှစ်ယောက် အပြိုင်သဘောမျိုးပါ
Male Lead
ČTEŠ
Alluring [ ဘာသာပြန် ]
Romance绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်းမောသွားလောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ် မသိစိတ်ကနေရော အသိစိတ်ကပါ ရူးသွပ်သွားတဲ့အထိစွဲလမ်းခြင်းမျိုးပါ။