"ဒါတွေကနေနေ့အတွက်ဆို မမအတွက်ကရောဟင် မာမီတို့မှာ နောက်ထပ်ချွေးမမှမရှိတော့ဘဲ"

"အမလေး.. သူ့မမကိုစိတ်ပူတတ်လိုက်တာ ခလေးရယ် ချစ်ခြင်းမှာလည်းရှိတယ်လေ ချွေးမတိုင်းရတဲ့ပစ္စည်းတွေပါဆို"

"Aww ဟုတ်သားပဲ ဟီး!"

နေနေ ရှက်ကိုးရှက်ကန်းရယ်မိတုန်း အခန်းထဲကို မာမားနှင့် အန်တီချစ်ခြင်းဝင်လာကာ နေနေ့ကိုဘက်ပေါင်းစုံက လှည့်ပတ်ကြည့်နေကြ၏။
အားလုံးပြီးစီးသွားတော့ မိတ်ကပ်Artistတွေထွက်သွားကြကာ မာမားက နေနေ့ဂါဝန်စကို နေရာတကျရွှေ့ပေးရင်း…

"နိုင်းတော့ သားပေါက်အတွက်ပဲ စိုးရိမ်တယ်"

"မာမားနော်"

"ကြားလား အစ်မတို့ ဘေး၇အိမ်လောက်က ကြားရလောက်တဲ့အသံနဲ့"

"ဘာလို့ သူများကိုလိုက်ပြောနေတာလဲ ဟွန့်.. နေက မာမားနဲ့တူလို့လေ ပါပါးကတောင်ခဏခဏပြောတယ် နေနေက ဒုက္ခလှလှလေးတဲ့ အဲ့ဒါမာမားနဲ့တူလို့ နေ အပြောခံရတာ"

"မတူပါဘူး ငါကသံလွင့်ခလေးလေး"

"နေလည်း ကိုကို့ခလေးလေးပဲ"

တစ်ယောက်တစ်ခွန်း ပြန်ချေပပြီးနောက် အန်တီချစ်ခြင်းတို့ဆီကရယ်သံတွေထွက်လာကြကာ မာမားက နေနေ့မေးဖျားကို ဖွဖွလေးဖျစ်ညှစ်ကာ…

"ထွက်ကြစို့ အပြင်မှာစတော့မယ် မာမားသမီးလေးသိပ်လှနေတယ်"

နေနေ ရင်တွေတုန်သွားမိပေမယ့် ခေါင်းလေးညိတ်ပြလိုက်ကာ ပန်းစည်းလေးကိုင်ပြီး ရှေ့ကထွက်လာတော့ မာမား ခိုးငိုနေသည်ကို မျက်လုံးထောင့်မှမြင်လိုက်ရ၏။
မာမားသိပ်ပျော်နေပါလား…

မြက်ခင်းစိမ်းလေးပေါ် ခြေချမိတော့ ရင်ထဲအေးစိမ့်သွားပြီး ဖြည်းဖြည်းချင်းလျှောက်လာခဲ့ကာ နှင်းဆီပန်းအမိုးအောက်ရောက်တော့ အားလုံးလှည့်ကြည့်လာကြ၍ ခြေဖျားလက်ဖျားတွေအေးစက်သွားမိ၏။
များပြားလှသောလူတွေ၏ ရှေ့ဆုံးမှာ အဖြူရောင်အနောက်တိုင်းဝတ်စုံပြည့်ဖြင့် နေနေ့ကိုရပ်ကြည့်နေသော ကိုကို…
ထို့နောက် ခပ်တိုးတိုးထွက်ပေါ်လာသည့် သီချင်းသံ ငြိမ့်ငြိမ့်လေး…

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now