"အဲ့ဒီလူက သိမ်မွေ့ကိုလိုချင်တာ အန်တီ သူတို့ချင်းလည်းချစ်ကြတာပဲ ဒီအတိုင်းနားလည်ပေးလိုက်ပါတော့"

"ဘာလို့နားလည်ပေးရမှာလဲ နင်ပြောရက်လိုက်တာ မင်းနေရယ် အဲ့ဒါ ငါဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့ ငါ့ကလေးပါ အဲ့ဒါနင့်အစ်မလေ
နင်ပြောတော့ ဒီအစ်မပဲရှိတာဆို နင် သူ့အတွက်ဘာမှမခံစားရဘူးလား"

"မခ စိတ်အေးအေးထားပါဟာ"

"မထားနိုင်ဘူး ခေ နင်တွေ့လား နင့်သားကစိတ်မပူဘူး ပြီးတော့ရှိသေးတယ် နင့်ကောင်မလေးက အဲဲ့ဒီမိသားစုထဲကမလား ငါသဘောမတူဘူးနော် မင်းနေ..
နင်ပါအဲ့လိုသေစာရင်းအသွင်းခံနေရမယ်"

"မခ ငါ့ကိုကြည့်.. ကြည့်စမ်းပါ"

သွေးရူးသွေးတန်းဖြစ်နေသော အန်တီ့ကို မေမေကဆွဲခါပစ်လိုက်၍ အန်တီ့အကြည့်တွေက မေမေ့ဆီပြန်ရောက်သွား၏။
ထိုအခါမှ အသိပြန်ဝင်သွားသောအန်တီက အသံမထွက်တော့ဘဲ မေမေ့ပခုံးပေါ်မှီချကာ တအိအိငိုနေ၍ သူ ထိုနေရာမှထထွက်လာခဲ့လိုက်သည်။

သေဆူံးသွားခဲ့စဥ်ကလည်း သူတို့အားလုံး ဝမ်းနည်းပူဆွေးခဲ့ရသည်။
မသေဆူံးမှန်း သိရပြန်တော့လည်း ရှင်ကွဲကွဲခဲ့ရပြီမို့ တစ်ဖန်ပူဆွေးရပြန်သည်။
ဘယ်သူတွေမှားပြီး ဘယ်သူတွေမှန်နေသလဲဟု စဥ်းစားကြည့်မိတော့လည်း ခေါင်းထဲမှာ ဘာမှမရှိ။

ထိုအချိန် အိမ်ရှေ့သို့ထိုးရပ်လာသည့်ကားတစ်စီးကြောင့် မျက်မှောင်ကုပ်သွားမိကာ အပြင်ကိုထွက်လာခဲ့၏။

"ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ"

"မင်းနေရာဆိုတာ.."

"ကျွန်တော်ပါ"

စကားအဆုံးမှာ တချောက်ချောက်အသံတွေ ဆက်တိုက်ထွက်လာကာ သူ့ကိုထိုးချိန်လာသည့် သေနဝာ်ပြောင်းဝတွေ…

💝💝◽◽◽💝💝

ပြောမရဆိုမရသည့်ကိုကိုက သောကြာနေ့မတိုင်မှီ လေယာဥ်တစ်စီးလွှတ်လိုက်၍ အသက် အမြင်ကတ်ကတ်နှင့် ထလိုက်လာခဲ့ရကာ စိတ်လည်းတိုမိ၏။
ကိုယ့်အလုပ်နဲ့ကိုယ် မအားမလပ်ဖြစ်နေကာမှ ဘာထကြောင်နေသလဲမသိ။

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now