"စိတ်အေးအေးထား ငါ့ကောင် GYMခန်းကိုသွားကြည့်လိုက် သူBoxingထိုးချင်ထိုးနေမှာ"

သူ ဖုန်းချပစ်လိုက်ပြီး အောက်ဆုံးထပ်ရှိ GYMခန်းကိုအပြေးဝင်လာခဲ့တော့ သဲအိတ်ကိုထိုးနှက်နေရင်း သူမ ရှိနေ၏။

"ဆရာ GYMကပိတ်သွားပါပြီ"

"မဟုတ်ဘူး ဟိုတစ်ယောက်"

"အဲ့ဒါက ကျွန်တော်တို့CEOရဲ့တူမပါ အပြင်လူမဝင်ဖို့မှာထားပါတယ် ဝင်လို့မရပါဘူး"

သဲအိတ်ကိုတဘုန်းဘုန်းထိုးနေရင်း Mineဟာ သူရောက်နေတာကို သိဟန်မရှိ။
မျက်ရည်တွေလား၊ ချွေးတွေလားမသိဘဲ မျက်နှာလေးတစ်ခုလုံး စိုလက်နေကာ သဲအိတ်ကိုအငြှိုးတကြီးထိုးနေပုံက Mineကစိတ်ဖြေနေပုံရသည်။
သူ ရပ်ကြည့်နေတုန်း Mineက ဒူးထောက်လျက်ထိုင်ချပစ်ပြီး ခေါင်းကိုဖိကိုင်ကာ အသံကုန်အော်ပစ်လိုက်၍ ပိုပြီးစိတ်မကောင်းဖြစ်သွားမိသည်။

"Mine"

သူ့အသံကြားသွားပုံဖြင့် သူမကိုယ်လေးဆတ်ခနဲဖြစ်သွားပြီး ခေါင်းလေးပြန်မော့လာ၍ သူ အထဲဝင်ဖို့ကြိုးစားပေမယ့် Securityတွေကအဝင်မခံ။
သူ့ရင်ဘတ်ကိုတွန်းထားကာ သူမကိုလှည့်ကြည့်ကြနေကြ၍ Mineက ဒူးထောက်နေရာမှထကာ လက်အိတ်ကိုချွတ်ပြီး ခပ်တိုးတိုးရယ်နေ၏။
သူမပုံစံက အသိစိတ်လွတ်ပြီး ထင်ရာလုပ်နေသူတစ်ယောက်လို ကယောင်ကတမ်းရှိလှသည်။

"ထွက်သွား"

မာကျောသည့်လေသံနှင့် ထပ်တူကျစွာ ချက်ချင်းတင်းမာသွားသော မျက်နှာလေးက သူ့အပေါ်နာကြည်းချက်အပြည့်။
သို့သော် ဒါဟာ သူ့ကိုစိတ်ဆိုးစိတ်ကောက်နေသည်ဟု တမင်ယူဆပစ်လိုက်သည်။
Mineဆီကအမိန့်ရသည်နှင့် securityကောင်လေးတွေက သူ့ကိုပြန်ဖို့သာပြောနေကြ၍ သူ ခေါင်းကိုညိတ်ပြလိုက်သည်။

"ခဏပါ သွားမှာပါ မင်းနဲ့စကားပြောပါရစေ"

"သူ့ခြေထောက်နဲ့သူ ထွက်မသွားသေးရင် ဆွဲထုတ်ပစ်လိုက်"

သူမ နောက်ပြောင်နေတာမဟုတ်တော့..
သူ့ကိုစူးစိုက်ကြည့်ရင်း သေချာစွာအမိန့်ပေးနေခဲ့ခြင်းဖြစ်သည်။

"ဟဲ့.. ပြောနေတာမကြားဘူးလား"

"အစ်ကို သွားရအောင်ပါ"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now