"ဟင့်! ရှင့်ကိုသဝာ်မယ် လူယုတ်မာကြီး"

ရှက်ကိုးရှက်ကန်းဖြင့် ကိုယ့်ကိုယ်ကိုနှမျောသွား၍ ထိုလူကြီးကိုအတင်းလိုက်ထုရိုက်တော့ သူ့ရယ်သံအကျယ်ကြီးကြောင့် ပိုရှက်သွားမိသည်။
သူဘာလုပ်လိုက်သလဲ နေနေဘာမှမသိသလို ဒီလောက်အထိအိပ်ပုတ်ကြီးရသလားဟုလည်း ကိုယ့်ကိုယ်ကို အခါခါကျိန်ဆဲမိ၏။

"တကယ် ငါစိတ်ထိန်းပါသေးတယ် မရတော့လို့"

"နှာဘူးကြီး အဟင့်! အီးဟီး"

နေနေ အာခေါင်ခြစ်ပြီးအော်ငိုသည့်တိုင် ထိုပြုံးစိစိမျက်နှာကြီးက ပြောင်းလဲမသွားပါဘဲ နေနေ့ကိုစ,စရာအရုပ်လို သတ်မှတ်ထားသလားမသိ။
လက်ပိုက်ထားရင်း တဟားဟားအော်ရယ်နေ၏။

"ဘာဆန်းလို့လဲ လင်မယားတိုင်းဒါမျိုးပဲလေ မဟုတ်ဘူးလား ခုမကြုံ တော်ကြာကြုံမှာပေါ့"

"ကြုံချင်ဘူး နှာဘူးကြီး အီးဟီး!.. စည်းမစောင့်တဲ့လူကြီး"

"စောင့်စရာလား ငါ့မိန်းမပဲလေ မင်းက"

"ယူလည်းမယူရသေးဘဲနဲ့"

"သားရေ"

တံခါးခေါက်သံနှင့်အတူ အန်တီခရာ့အသံထွက်လာတော့ နေနေသည် ဒီလူကြီးရဲ့နှာဘူးကျပုံကို တိုင်ပြောဖို့စိတ်ကူးက ချက်ချင်းဖြစ်တည်၏။
ထို့ကြောင့် မျက်ရည်တွေသုတ်ပစ်ပြီး ထိုင်ရာမှထဖို့ပြင်တော့ သူက နေနေ့ကိုသိမ်းကျုံးဖက်ထားကာ…

"ဗျာ မာမီ"

"ကလေးကဘာလို့ငိုနေတာလဲ"

"သားလိုက်စနေလို့ပါ"

"မဟုတ်ဘူး ရှင်နှာဘူးကျ.. အွန်း!"

တိုင်ဖို့စကားစရုံဖြင့် နေနေ့ပါးစပ်ကို တင်းတင်းပိတ်ပစ်လိုက်၍ အတင်းပြန်ရုန်းတော့ သူ့အတွက်က မှုလောက်စရာမရှိသလို အေးအေးဆေးဆေးပင်။
တစ်ကိုယ်လုံးအဖက်ခံထားရသည့်အပြင် ပါးစပ်ကိုပါအပိတ်ခံထားရ၍ စိတ်လည်းတို၊ ငိုလည်းငိုချင်ကာ နေ သူ့ရင်ဘတ်ကြီးကို တံတောင်နှင့်တွက်ပစ်လိုက်၏။

"သား ချော့လိုက်ဦးမယ် မာမီ ခဏနေလာခဲ့မယ်"

"အေး အေး"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now