"အင်း ဒီမှာရှိတယ်"

"မင်းဘာလုပ်နေတာလဲ ဒီလာခဲ့"

"နေက မမနဲ့အိပ်မလို့"

"မင်းနဲ့ငါကယူရတော့မှာ ငါနဲ့ပဲလာနေ"

"မနေချင်ဘူးလို့ မင်္ဂလာမဆောင်ခင် အတူမနေသင့်ဘူးလေ မြန်မာလူမျိုးတွေရဲ့အယူအဆက.."

"မင်းကမြန်မာအစစ်လား အီဂျစ်သူမ"

နေနေ ဘာမှပြန်မပြောနိုင်ဘဲ လမ်းပျောက်သွားကာ မမဆီကရယ်သံတစ်ချက်ထွက်လာ၍ မမကို မျက်စောင်းလှည့်ထိုးပစ်လိုက်မိသည်။
သူ့ကိုတော့ ဟိုကိုကျွဲကြီးနဲ့ချိန်းတွေ့တုန်းက ကူညီပေးရပြီး သူများကျမှ ချောက်ထဲတွန်းချနေတာ…

"မနေချင်ဘူး နေက မမနဲ့ပဲအိပ်မှာ"

ပြောပြောဆိုဆိုဖြင့် နေနေသည် မမအိပ်ရာမှာပဲလှဲချလိုက်ပြီး စောင်ကိုခေါင်းမြီးခြုံထားလိုက်၏။
ခဏကြာသည်အထိ ဘာသံမှမကြားရသလို နေနေလည်း မွှန်းကြပ်လာ၍ စောင်ကိုပြန်ဆွဲချကာ ခေါင်းထောင်ကြည့်မိတော့ မောင်နှမနှစ်ယောက်က ဘာတွေတီးတိုးပြောနေကြသလဲမသိ။
ပြီးမှ မမက နေနေ့ကိုလှည့်ကြည့်ကာ…

"ကိုကိုကလည်း အဲ့လောက်အဖြစ်သည်းမနေပါနဲ့ ထားခဲ့ပါ"

ဆိုမှ ခေါင်းညိတ်ပြီး နေနေ့ကိုစူးခနဲကြည့်ကာ လှည့်ထွက်သွား၏။
ထိုအခါမှ နေနေလည်း စိတ်ထဲကြိတ်ပျော်သွားပြီး အိပ်ရာထဲကလူးလဲထကာ မမကိုတအားဖက်ပြီး ပါးနုနုလေးကိုတအားဖိနမ်းပစ်လိုက်သည်။

"တော်သေးတယ် တို့မမကယ်လို့ပဲ"

"အိပ်တော့"

"ဟုတ်"

💝💝◽◽◽💝💝

"ဘယ်တွေသွားနေတာလဲ"

သူ ဘာလုပ်နေသလဲဟု သိနှင့်နေသော်လည်း ဒက်ဒီက မသိသလိုမေးလာတော့ ဦးယံရဲ့အကြည့်တွေသည်လည်း သူ့ဆီရောက်လာ၏။
အားလုံးရဲ့အမြင်မှာ ဘုန်းအာဏာလျှံဟာ နေအဉ္ဇရာကိုမခွဲနိုင်သူ၊ မျက်စိအောက်ကအပျောက်မခံနိုင်သူအဖြစ် ဖန်တီးရမှာဖြစ်သည်။
ဒါမှသာ တောင်ကြီးစံအိမ်မှာနေခွင့်ရဖို့ အကောင်းဆုံးအကြောင်းပြချကို ရမှာမို့…

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now