ဖေဖေက ဘာမှမပြောတော့ဘဲ သူ့ကိုစူးစူးကြီးကြည့်လာသည့်အခါ သူ့အပေါ်ပုံချတော့မှာမှန်းသိ၍ ဧည့်ခန်းမှ ချက်ချင်းထပြေးလာခဲ့သည်။
မေမေ့အပေါ်မှာတော့ ဘယ်တော့မှမပေါက်ကွဲပါဘဲ သူ့ကိုသာ ဆူလိုက်ဆဲလိုက် လုပ်တတ်တာ ဖေဖေ့အကျင့်…

အခန်းထဲပြန်ရောက်သည့်အခါ ဖုန်းဝင်လာသံကြားလိုက်ရ၍ ဖုန်းကိုထုတ်ကြည့်မိတော့ ငလျှံ ဆက်တာဖြစ်ပြီး ကိုင်ရမလား၊ မကိုင်ဘဲနေလိုက်ရမလားဟု တွေးမိသည်။
အတွေးဖြင့်တွေဝေနေတုန်း ဖုန်းကကျသွားပြီး ဆက်တိုက်ဝင်လာတာက မက်ဆေ့တွေ…

"ငါ့ဖိနပ်ပြန်လာပေး"

"မင်းသေပြီသာမှတ် ကျွဲကြီး"

သူ အော်ရယ်ပစ်လိုက်မိကာ မျက်ရည်ထွက်အောင်ရယ်နေသော Stickerလေးပြန်ပို့လိုက်ချိန် Mineဆီကဖုန်းဝင်လာ၏။
ဒီဖုန်းကိုတော့ ချက်ချင်းကိုင်လိုက်ကာ စောစောကအူမြူးနေသောအရှိန်ဖြင့် အသံထွက်အောင်ရယ်နေမိဆဲ…

"ဟဲလို Mine"

"သဒေါင်းဇား"

ငလျှံအသံကြီးထွက်လာ၍ လန့်ဖျပ်သွားကာ ဖုန်းကိုနားကခွာပြီး ပြန်ကြည့်မိတော့လည်း သူမနံပါတ်ကလေး..
ထို့ကြောင့် သူ ထပ်ရယ်ရင်း ဖုန်းကိုနားမှာပြန်ကပ်လိုက်တော့ အမျိုးစုံအောင်ဆဲနေသော ယောက်ဖအသံက နားထဲတိုးဝင်လာ၏။

"ငါ့ညီမ နုနုထွတ်ထွတ်လေးကို မင်းလို အသည်းဇကာကျနေတဲ့ကောင်က"

"ဇကာတော့မကျသေးပါဘူးဟ အလတ်ကြီးပါ အပြည့်အဝချစ်နိုင်ပါသေးတယ်"

"ယိ့ကိုအပြည့်အဝချစ်.. မင်းကို ဟိုတစ်ခါက ကျွေးထားတာမလုံလောက်သေးဘူးလား ငကျွဲ"

"အေး..ခေါ်တုန်းလားဒီကျွဲကို.. အဲ့ဒီကျွဲက မင်းညီမနဲ့နီးစပ်နေပြီ"

"ဟ! ခွေးကောင်"

"မင်းပဲ ငါကမျိုးမအောင်တဲ့ကောင်ဆို ဟမ်!! အေး အသက်နဲ့ငါယူပြီးရင် Leoponတစ်ဖွဲ့စာလောက် မွေးခိုင်းပစ်မယ်"

"မင်းဘာသာမွေးပါလား"

"ငါမှမွေးလို့မရတာ မင်းညီမကိုပဲ.."

"မင်းနေ မင်းကိုငါဆွဲထိုးမှာနော်"

"အံမယ် ငါကMineကိုသာသည်းခံမယ် မင်းကိုပြန်လုပ်မှာ ငြိမ်ခံမနေဘူး"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now