ပန်းချီတွေငိုခြင်း {၃၈}

2.8K 236 13
                                    

[ ဆိုးလ်.... ]

ParkမိသားစုမှJeonတို့နဲ့အကျိုးတူ
ပူးပေါင်းထားသည့်လုပ်ငန်းမှရှယ်ယာတချို့ကို
ထုတ်ယူသွားခဲ့ပြီးနောက်မှာနှစ်ဖက်မိသားစု
အခြေအနေဟာ တင်းမာသည်။

ကာယကံရှင်တို့နှစ်ဦးသည်လည်း
ကွာရှင်းပြတ်စဲပြဖြစ်ကြောင်းသတင်းတွေနဲ့တကွ Jeonနဲ့Jiminတို့သတင်းတွေဟာ
Social Media ပေါ်မှာအရမ်းကို
လူပြောများနေခဲ့သည်။

" သွားရှာကြ...သွားရှာကြစမ်း
ခုချက်ချင်းငါ့သားကို သွားရှာပေးကြစမ်း...!!! "

အခန်းထဲရှိပစ္စည်းတချို့ကိုဆွဲချကာ
သူမကထိုကဲ့သို့အိမ်ကြီးထဲသောင်းကျန်းလေ့ရှိသည်။
သာကြောင်းမာကြောင်းတစ်ချက်လေးတောင်
ဆက်သွယ်ခြင်း မရှိခဲ့သောသားဖြစ်သူ
ထွက်သွားခဲ့တာ ယခုဆို လအတော်ကြာပြီ။

သိပ်ကိုရုပ်ပျက်ဆင်းပျက်ဖြစ်နေသော
အမျိုးသမီးဟာဖရိုဖရဲဆံပင်တွေဖြင့်
ကပိုကရိုအက်ျီတွေနှင့်သာ။
အိမ်ရှိအလုပ်သမားများကိုလည်း
ရန်မူတတ်ကာ အရူးတစ်ယောက်လိုလည်း
အိမ်ကြီးထဲငိုကြွေးတတ်သေးသည်။

သို့သော်သနားကြင်နာစရာတစ်စိုးတစ်စိမျှတောင်
မရှိအောင် သူမက သူပြုသည့်ကံ
သူ့ထံပြန်လာခြင်းပေဖြစ်သည်။

" တိုကျိုမှာမလား တိုကျိုကိုသွားရမယ် "

" ငါ့သားလေးကို ခေါ်ပေးကြပါ..."

" ငါ့မှာ သားJeonလေးတစ်ယောက်ထဲရှိတာမို့
ငါ့သားကိုငါ့ကိုပဲပြန်ပေးကြပါ..."

အိမ်အကူလေးတွေသည်လည်း
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည်မို့
ထိန်းမရသည့်အခါ ဒေါက်တာHoseokကိုသာ
ဖုန်းဆက်ခေါ်ခဲ့ကြသည်။

Hoseokကတော့ ချစ်တာမုန်းတာတွေ
အသာထား ဆရာဝန်စိတ်ဓာတ်လေးအပြည့်ရှိသူမို့
ဘယ်အချိန်မဆို မငြိုမငြင်အမောတကော
ရောက်ရှိလာတတ်သည်။

" အန်တီ...."

" Hoseokပါလား...လာလေ လာ
သားJeonနဲ့အဆက်အသွယ်ရလို့လားဟင်
သားJeonဘာတွေလုပ်နေလဲ အန်တီကိုကော
သတိရတယ်လို့ပြောနေတယ်မလား
အန်တီကိုသားလေးက
စိတ်ကောက်မပြေသေးဘူးလားဟင်
မေးပေးပါဦး မေးပေးပါဦးHoseokရယ်.. ....."

ပန်းချီတွေငိုခြင်းWhere stories live. Discover now