ပန်းချီတွေငိုခြင်း {၃၀ }

2.2K 217 21
                                    


" NamJoonShii..."

ပန်းဆိုင်လေးသိမ်းကာ စက်ဘီးလေးစီးနင်း၍
အိမ်ပြန်ရန်ကြိုးစားချိန်နောက်ပါးဆီက
လှမ်းဟစ်အော်ခေါ်သံမှာNamJoonကလည်ပြန်
ကြည့်သည်။

ခပ်လှမ်းလှမ်းဆီမှထိုလူသည်မမှားဘူးဆိုလျှင်
လူချောကြီး SeokJinဖြစ်ပါလိမ့်မယ်။

" Hyungပဲ..."

" အိမ်ပြန်တော့မလို့လား..."

" ဟုတ်တယ်...အချိန်လည်းမနည်းတော့ဘူးလေ.."

တစ်နေ့ကတော့စိတ်ဆိုးသွားသယောင်ထင်ရပေမယ့်
ဒီနေ့တွင်တော့ ပုံမှန်ပဲပြောဆိုဆက်ဆံနေသည်။

" ဒါဆို ပြန်ကြမယ်လေ..."

" Hyungက ဘယ်ကို..."

" ဟိုးနားက လမ်းကွေ့လေးအထိလိုက်ပို့မယ်လေ
ရတယ်မလား..."

" အင်း..."

ခေါင်းလေးငြိမ့်တုန့်ပြန်လိုက်သည်နဲ့စက်ဘီးလေးကိုNamJoonကတွန်းရင်းသာနှစ်ဦးသား
လမ်းလျှောက်လာခဲ့သည်။
သတိထားမိတာက SeokJinလက်ထဲတွင်
နှင်းဆီနီနီတွေအစည်းလိုက်ရှိနေခြင်းပါ။

" Hyungက ပန်းတွေကိုသူများဆီက
ဝယ်နေတာပဲ...."

လက်ရှည်အပြာနုနုကိုဂျင်းပြာနုနုနဲ့တွဲဖက်ဝတ်ထားသောSeokJinသည်ညနေခင်းလေးမှာ
လူငယ်ဆန်ဆန်ကြည့်ကောင်းပြန်သည်။

" အာ..ဒီပန်းက ကိုယ့်ခြံထဲခူးခဲ့တာတွေပါ
NamJoonရဲ့...."

" အဲ့လိုလား..."

" ဟုတ်တယ် ပထမဆုံးခြံထွက်ပန်းတွေမို့
NamJoonကို ကိုယ်ပေးချင်လို့ ခူးခဲ့တာ..."

" ကျွန်တော့်အတွက်လား...."

" အင်းပေါ့ ဘာလေးပဲဖြစ်ဖြစ် NamJoonကိုပဲ
ပထမဆုံးသတိရမိနေတာ..."

အနှောင့်မလွတ်အသွားမလွတ်စကားတွေကို
ပါးချိုင့်ကြီးကသတိထားမိတော့ စကားတွေ
ရပ်တန့်ကာတိတ်ဆိတ်သွားသည်။

" စိတ်ဆိုးသွားတာလား NamJoon..."

" မဆိုးပါဘူး ဒါပေမယ့် တစ်မျိုးပဲ..."

တရွေ့ရွေ့လျှောက်လှမ်းလာသော
လမ်းတွေသည်မကြာခင်မှာSeokJinပြောသည့်
လမ်းကွေ့လေးကိုရောက်တော့မှာ။
ခြေလှမ်းတွေကိုဖြေညှင်းစွာရွေ့လျားရင်းမှ
ထိုနေရာဆီမရောက်ရှိသေးရန်လည်းစိတ်ထဲမှ
ဆုတောင်းနေမိသေးသည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now