ပန်းချီတွေငိုခြင်း {၃၄}

2.4K 228 22
                                    

တကယ်တော့ ဒီကနေ့ဆေးရုံကိုလာရောက်
သတင်းမေးရခြင်းဟာမကောင်းတတ်၍
လူမှုရေးအရပါ။

အနံ့လေးခပ်သင်းသင်းဖြစ်စေမည့် ပန်းတွေကို
NamJoonထံမှဝယ်ယူခဲ့သည်။
NamJoonနံဘေးတွင်လည်း သာမာန်ထပ်
ရင်းနှီးသည်ထင်ရသောအမျိုးသားတစ်ဦးကို
တွေ့လိုက်ရသည်။

တစ်မျိုးတစ်မည်လေးတွေလည်းဖြစ်နေနိုင်တာမို့
Jiminနဲ့ပတ်သတ်သည့် အကြောင်းကိစ္စ
တချို့ကိုလည်းမပြောပြဖြစ်ခဲ့။

ယခုသည် သာမာန်ပြင်ဆင်မှုဖြင့်သာဆေးရုံကို
ရောက်ရှိလာခြင်း။

" မဂ်လာပါ အန်တီ...."

" သြော်....TaeHyungလေးပဲ လာထိုင် "

" ကျွန်တော် ပန်းနဲ့ အသီးတွေဝယ်ခဲ့တယ်
အန်တီကြိုက်မယ်တော့ ထင်ပါတယ်...."

" ပန်းတွေကမွှေးနေတာပဲ ကျေးဇူးပါပဲသားရယ် "

နေရာမှာဝင်ထိုင်လိုက်သည်နဲ့ သူမလက်က
အနာကိုတွေ့လိုက်ရသည်။
တော်ရုံတန်ရုံ မှမဟုတ်ဘဲ၊
ကိုယ့်ကိုယ်ကိုသေလောက်အောင်
နာကျင်စေသည်အထိ Jiminအား
မုန်းတီးရသလားဟု မေးပစ်ချင်တာလည်း
အကြိမ်ကြိမ်ပါ။

သို့သော်အခုကလူနာသတင်းလာမေးတာမလား။
ဟန်မပျက်ပဲ ပြုံးပြုံးလေးသာ။

" တော်တော်များသွားတာပဲ အန်တီရယ်...."

" ဟုတ်တယ် ညတွေဆိုအိပ်လို့တောင်မရပါဘူး
TaeHyung လေးရယ်....."

" စိတ်မကောင်းလိုက်တာ...."

သနားဂရုဏာသက်နေသည့်
မျက်လုံးလှလှလေးတွေကိုဖန်တီးရင်း
စိတ်ထဲကတော့ ကြိတ်ကာဝမ်းသာသည်။
ပန်းချီတွေ ငိုရှိုက်ခဲ့ရသည်ခပ်အစပေါင်းများစွာ
ပိုသောနာကျင်မှုမျိုးကို ခံစားစေချင်ခဲ့သည်။

စိတ်မကောင်းပါဘူး KimTaeHyungသည်လည်း
ParkJimin Teamက..။

" ဒါနဲ့ Jeonကိုလည်း မတွေ့မိပါလား...အန်တီ "

" မသိပါဘူး အပြင်ခဏဆိုပြီး တော်တော်
ကြာနေပြီရယ်..... "

" ဟုတ်လား ကျွန်တော် ဖုန်းဆက်
ကြည့်လိုက်မယ်လေ "

လက်ထဲကဖုန်းကိုဟိုနှိပ်ဒီနှိပ်နှိပ်သည်။
ဖုန်းခေါ်ဟန်ဆောင်ရင်း....။

ပန်းချီတွေငိုခြင်းWhere stories live. Discover now