ပန်းချီတွေငိုခြင်း{၇}

2.6K 283 4
                                    

" မနေ့ညကတစ်ယောက်က ဘယ်သူလဲ..."

ကားလေးထဲတိတ်ဆိတ်နေတုန်း Jeonအမေးကြောင့်
Jiminမျက်လုံးလေးတွေJeonထံကို
ရွေ့လျားသွားသည်။
ကြည့်ရတာ ညကSungwoonကိုတွေ့သွားသည်
ထင်ပါရဲ့။

" ဘာလုပ်မို့လဲ..."

" ဒီတိုင်းမေးကြည့်တာပါ မင်းရဲ့အိပ်ဖော်
အိပ်ဖက်တွေများလားလို့..."

" လူတိုင်းကိုမင်းလိုတွေးမနေနဲ့...."

" ပြောလို့မရဘူးလေ..."

" ဒါနဲ့ ဖြစ်နိုင်ရင် မနက်ဖြန်လောက်ကျငါ့ကို
ဆေးရုံလိုက်ပို့ပေးလို့ရမလား..."

" ဘာထဖြစ်ရပြန်ပြီလဲ....."

စိတ်မရှည်စွာဖြင့်ပဲ နံဘေးကအဆိုးအပေအား
မျက်စောင်းတွေထိုးနေမိသည်။
Jiminနောက်တကောက်ကောက်လိုက်ရင်း
ဒရိုင်ဘာဘဝကနေဘယ်နေ့၊ဘယ်ချိန်မှရပ်ဆိုင်းရမလဲ
ဆိုတာလည်း Jeonသိပ်သိချင်နေပါပြီ။

" အဲ့ဒါက...ငါ medical check up
လုပ်ချင်လို့လေ.... မင်းလိုကောင်နဲ့ အတူနေမိတာ
ငါ့ကိုယ့်ငါသိပ်ပြီးစိတ်မလုံလို့ .... "

" သောက်ပိုတွေသိပ်မလုပ်နဲ့ParkJimin...
မင်းစိတ်မလုံလည်းအတူနေပြီးသွားပြီပဲ
ကြီးကြီးကျယ်ကျယ်တွေသိပ်မပြောနဲ့
ငါ ဗရမ်းဗတာမဟုတ်ဘူး အမြဲ
အကာအကွယ်သုံးတယ် "

" ငါနဲ့တုန်းကကျမင်းမသုံးခဲ့ပါဘူး..."

" မင်းဘာလဲဆိုတာငါသိနေလို့... ရပြီလား... "

" စကားမများဘဲ ကားကိုဂရုစိုက်မောင်းပါ..."

အရူးကွက်တွေနင်းပြီးကားမှန်တစ်ဖက်ကိုမှီချကာ
နေကာမျက်မှန်ကြီးနဲ့အိပ်ချင်ယောင်
ဆောင်သွားပြန်သည်။
ချစ်မွှေးမပါသည့်မျက်နှာ၊ထရိုက်ချင်စရာ
ကောင်းသည့်လေသံအနိမ့်အမြင့်တွေနဲ့
Jiminကိုကြည့်ကာ ကိုင်ပေါက်ချင်စိတ်တွေဟာ
အလွန့်အလွန်ပဲ။

Parkအိမ်တော်ကြီးကိုရောက်သည်နဲ့
ကားဟွန်းတီးသံကြားတော့ ခြံစောင့်တစ်ဦးက
ခြံတံခါးကိုလာဖွင့်ပေးသည်။

ဒီချိန်က Parkအိမ်တော်က လူတွေအကုန်
အလုပ်သွားနေကြမည်ဆိုတာသေချာသည်။
ရောက်လက်စနဲ့ပွဲမရှာရတော့ စိတ်မကောင်းပေမယ့်
နားပူသက်သာနိုင်သည်။

ပန်းချီတွေငိုခြင်းTahanan ng mga kuwento. Tumuklas ngayon