" ဟိုင်း NamJoon "
လက်လေးပြရင်း ဆိုင်ထဲဝင်လာသောသူကို
တစ်ချက်မျှလှမ်းကြည့်လိုက်တော့
အပြုံးလှလှတွေနဲ့ကြည့်ကောင်းလွန်းလှသော
အသွင်အပြင်တွေနဲ့SeokJinပင်ဖြစ်သည်။လူငယ်ဆန်ခြင်းအလျဥ်းမရှိ၊
သူ၏အသက်အရွယ်နဲ့လိုက်ဖက်ညီစွာ
ဝတ်စားဆင်ယင်ပုံကသိပ်ကြည့်ကောင်းသည်။
အဆင့်တန်းရှိသည့်လူလတ်ပိုင်းအသွင်ဖြင့်
SeokJinအား NamJoonကကြည့်ရင်း
အကဲခတ်အမှတ်ပေးသည်။" ဒီနေ့ ဧည့်သည်တွေသိပ်မရှိဘူးနော်..."
" ဟုတ်တယ် ဒီနေ့ ဧည့်သည်နည်းတယ်..."
" ဟုတ်လား...အဲ့ဒါကြောင့် ကိုယ်
ရောက်လာခဲ့တာ..."ရယ်လျက်ပြောနေသော SeokJinအား
ပြုံးပြတုန့်ပြန်ရင်းစီးကြိုခဲ့လည်း သိပ်တော့
နားမလည်ခဲ့ပါ။" ကိုယ်ခဏထိုင်မယ်နော် ရတယ်မလား..."
" ထိုင်ပါ တစ်ခုခုသောက်မလား ဘာသောက်ချင်လဲ "
" တော်ပါပြီ ဒီတိုင်းတွေ့ချင်လို့လာခဲ့ရုံ...."
ခုံတန်းလေးတွေဆီထိုင်လိုက်ရင်းမှ
မျက်နှာချင်းဆိုင်ကSeokJinပြောစကားများကို
NamJoonလိုက်မမှီခဲ့ပြန်။" ဘာကိုတွေ့ချင်တာလဲ ကျွန်တော့်ကိုလား.."
မျက်ရစ်ကင်းမဲ့သော မျက်လုံးအိမ်တွေက
စိတ်ဝင်တစားမေးလာခြင်းကိုSeokJinက
ပြုံးရင်းစိုက်ကြည့်လာပြန်သည်။" မဟုတ်ဘူး ပန်းတွေကို..."
" အာ...."
" ကျူးလစ်ပန်းအဖြူတွေက သိပ်လှတာပဲနော်...."
" အင်း ဟုတ်တယ် အဖြူရောင်လေးတွေက
အမြင်လည်းအေးတယ်လေ..... "" ကျူးလစ်ပန်းအဖြူရောင်ရဲ့ အဓိပ်ပါယျကို
သိလား... NamJoonshii"" တဖက်သတ်အချစ်ကို ကိုယ်စားပြုတာ
ထင်တယ်.. "SeokJinက NamJoonကိုစိုက်ကြည့်ရင်းသာ
ထပ်မံပြုံးသည်။" ကျူးလစ်ပန်းအဖြူတွေထဲကပဲ လှလှလေး
စည်းပေးပါ...."" ဟုတ်ကဲ့ပါ..."
အဖြူရောင်လှလှကျူးလစ်တွေကို
လှပစွာစည်းနှောင်ကာ SeokJinလက်ထဲ
ကမ်းပေးလိုက်သည်။
ပြီးနောက်တွင်ကျသင့်ငွေကို ရှင်းသည်။
NamJoonကိုကြည့်ရခြင်းက
အေးချမ်းသည်။
ဟိုးအရင်ကတည်းက မပြောင်းလဲသော
နေထိုင်ပုံက အမြဲလိုလိုအေးအေးလူလူပင်ဖြစ်သည်။
YOU ARE READING
ပန်းချီတွေငိုခြင်း