ပန်းချီတွေငိုခြင်း{၆}

2.8K 300 16
                                    

အချိန်သည် ညနေ5နာရီဝန်းကျင်။

ခပ်စောစောလေးပန်းဆိုင်ကိုပိတ်သိမ်းရန်
အတွက် ကြိုးစားနေခဲ့တာကစိတ်နဲ့လူနဲ့မကပ်ပါဘဲ၊
အဆိုးဆုံးကတော့ ချစ်လှစွာသော
အဆိုးအပေလေးကို
NamJoonစိတ်ပူနေခြင်းပင်ဖြစ်သည်။
SNSမှာရစရာမရှိအောင်ပွပလဲနေသည့်
သတင်းတွေနဲ့ဓာတ်ပုံတွေကိုလည်းတွေ့မြင်ပြီးပြီ၊
ဒီလောက်ဆိုJiminတို့အိမ်က
ငြိမ်နေကြမည်မဟုတ်။
Jiminကိုထိခိုက်နာကျင်အောင်
ပြုလုပ်ကြမည်ဆိုတာသိနေသည်။
ပါးချိုင့်ကြီးတွေးသည်ကဒီလောက်ပါပဲ။

Jiminနဲ့ပတ်သတ်ပြီး ဆိုးပေလွန်းတာကို
အတိုင်းတာတစ်ခုထိသိထားတာမို့
သူ့အတွေးတွေထဲတခြားမရှိ။
သာမာန် Relationship တစ်ခုမှာတော့
ဒီလိုကိစ္စရပ်တွေဟာကြီးမားတဲ့သက်ရောက်မှု
တစ်ခုဖြစ်နိုင်သော်ငြားNamJoonအတွက်ကတော့ Jiminနဲ့ပတ်သတ်ပြီးနားလည်လွန်နေတာမို့
ထူးထူးခြားခြားပြသာနာတွေတော့မရှိ။

စိတ်တွေပူပြီး အတွေးတွေလွန်ရင်း Jiminရဲ့
သူငယ်ချင်းတချို့ကိုလည်းဆက်သွယ်ရင်း
NamJoonသည်မွေးနေ့ကြီးမှာတောင်
အပူတပြင်းဖြစ်နေခဲ့တာ။
ဒီနေ့ထိမရောက်လာပုံထောက်ရင် မကောင်းတဲ့
အငွေ့သက်တွေရနေပြီမို့ ဆိုင်လေး
ပိတ်သိမ်းကာJiminတို့အိမ်ဘက်ကို
အခြေအနေသွားကြည့်ရမည်ဖြစ်သည်။

သိပ်ဆိုးလိုက်တာတွေများ၊
ရင်တွေပူရအောင်လုပ်ပြီး
ဖုန်းလည်းဆက်လို့မရသလို၊ အစအနပါ
ပျောက်သွားသည်။
ParkJiminကသိပ်ကိုချစ်စရာကောင်းသောပါပဲ။

" Hyung..."

တံခါးလေးကိုသော့ခတ်မလို့ဟန်ပြင်တုန်း
နားကြားမမှားနိုင်သည့်Jiminအသံကြောင့်
NamJoonချက်ချင်းပဲလှည့်ကြည့်လိုက်မိသည်။

" ကလေး..."

မျက်နှာကဒဏ်ရာသေးသေးလေးတွေအပြင်
ဘာမှကြီးကြီးမားမားထိခိုက်နေဟန်မပေါ်လို့
NamJoonတွေ့လိုက်ရခြင်းမှာ
အတော်လေး ဝမ်းသာသွားရသည်။
ဘယ်လောက်တောင်မှလွမ်းပြီးစိတ်ပူနေခဲ့ရသလဲ။
မျက်စိရှေ့ကကောင်လေးကတော့ လုပ်ချင်ရာ
လုပ်ထားပြီးပြုံးပြနေသေးသည်။

" လွမ်းနေတာ...ရင်တွေလည်းပူနေရောပဲ
ဘာတွေလျှောက်လုပ်နေတာလဲ
ကလေးရယ်... "

ပန်းချီတွေငိုခြင်းWhere stories live. Discover now