ပန်းချီတွေငိုခြင်း (၁၄)

3K 299 34
                                    

ဖြစ်ချင်တာတွေဖြစ်ခွင့်မရတဲ့ ဘဝတွေထဲ
ကျွန်တော်တို့ဟာကံကြမ္မာကြိုးဆွဲရာကို
ကနေကြသူတွေကြီးပဲ။

မွန်းကြပ်လာတိုင်းစိတ်ထွက်ပေါက်တွေ
ရှာနေမိလည်း ပိုပိုပြီး နစ်မွန်းလာခဲ့သည်မို့
ဒီအချိန်တွေကနေ ထွက်ပြေးချင်ခဲ့သည်။

အပြစ်အနာအဆာပေါင်းမြောက်များစွာဖြင့်
ဒီဘဝကြီးကနေလွတ်မြောက်ရန်ကြိုးစားခဲ့ပုံက
လက်ကောက်ဝတ်ကိုဓားဖြင့်လှီးဖြတ်လိုက်ခြင်းပင်
ဖြစ်သည်။

ကျေးဇူးပြုပြီး နောက်ထပ်ကောင်းမွန်တဲ့
ဘဝတစ်ခုမှာ မွေးဖွားလာပါရစေ။
ဒါသည် အသစ်ထပ်မံမွေးဖွားလာခြင်းလား၊
တမလွန်မှာများယောင်လည်လည်ဖြစ်နေခြင်းလား၊
ဒါမှမဟုတ် စုတ်ပြတ်သတ်နေတဲ့ဘဝထဲမှ
နိုးထလာခဲ့ခြင်းလား။

" Jimin..."

မသေရုံတမယ် လက်ထဲတွင်ဆေးပိုက်ပေါင်း
မြောက်များစွာဖြင့်လူနာငယ်သည်
ပြတင်းပေါက်မှန်တွေကိုငေးနေရင်း
မျက်နှာတစ်ခုလုံးသည်ဖြူစုပ်လျက်။

Hoseokခေါ်သံကိုလည်းမကြားဟန်ပြုရင်း
ငြိမ်သက်စွာငေးမြဲငေးဆဲပဲ။

Hoseokကတော့ သက်ပြင်းတွေချရင်း
စိတ်မချမ်းမြေ့ဟန်ရှိသလို ၊ ရောက်ကတည်းက
Jeonကိုလည်းစကားတစ်ခွန်းမှမပြောပါဘဲ
လျစ်လျူရှုနေသည်။

Hoseokသည် နံဘေးမှ Nurseကိုသာ
မှာကြားစရာရှိတာမှာကြားရင်း ညွန်ကြားစရာ
ရှိတာတွေ ညွှန်ကြားနေခဲ့သည်။
ပြီးနောက်တွင် Jeonအား မရှိတဲ့
လူတစ်ယောက်လိုပြုမူရင်းအခန်းထဲမှ
ထွက်သွားတော့ Jeonကနောက်မှ
လိုက်သွားခဲ့တာ။

" HoseokHyung ဘာဖြစ်နေတာလဲ
ကျွန်တော်မေးနေတာလဲမဖြေ
ကျွန်တော်ပြောတာလဲ မကြားသလို
လုပ်နေတယ်နော်...."

" ငါကမင်းကိုဘာပြောရဦးမှာလဲ
ငါတို့မှာအထွေအထူးပြောစရာမရှိဘူးထင်တယ်..."

" Jiminနဲ့ပတ်သတ်ပြီး ကျွန်တော်
မေးမြန်းနေတယ်လေ "

" မင်းမသိလည်းဖြစ်တယ် Jeon..
ငါ့ရဲ့Nurseကပိုပြီးစိတ်ချရတာမို့ သူ့ကိုပဲ
အကုန်မှာထားခဲ့ပြီးပြီ..."

ပန်းချီတွေငိုခြင်းWhere stories live. Discover now