ပန်းချီတွေငိုခြင်း {၂၅}

2.6K 233 9
                                    

တိုကျိုမှာလည်ပတ်ပြီးအလုပ်ကိစ္စတချို့လည်း
ပြီးဆုံးပြီးနောက်တွင်တော့မောင်နဲ့ပန်းချီငယ်တို့သည်
ဆိုးလ်ပြန်ရောက်ခဲ့ကြပြီဖြစ်သည်။

လေယာဥ်ပေါ်တွင်အိပ်၊ကားပေါ်တွင်လည်းအိပ်၍
ပန်းချီတွေကတစ်လမ်းလုံးမောင့်ရင်ခွင်ထဲ
အိပ်စက်ကာ ငြိမ်ငြိမ်လေးသာလိုက်ပါလာသည်။

" Jimin.."

နေလို့မှကောင်းရဲ့လားဆိုတာလည်း
မေးစမ်းကြည့်ရဦးမည်မို့
ခပ်တိုးတိုးနှိုးလိုက်သည်နဲ့ မောင့်ရင်ခွင်ထဲမှ
မျက်လုံးလေးတွေပွင့်လာခဲ့သည်။

" အင်း...."

" နေကောင်းရဲ့လား တစ်လမ်းလုံးအိပ်နေတယ်ရော် "

" မကောင်းဘူး မောင့်နားပဲကပ်နေချင်တယ်...."

ချွဲရင်းနွဲ့ရင်းမောင့်ရင်ခွင်ထဲတိုးကပ်လာပုံက
သိပ်ချစ်စရာတွေ။

" အိမ်ပြန်မရောက်သေးဘူးလား..."

" အဲ့ဒါက မောင်တို့ ဆေးရုံကိုခဏဝင်ရအောင်..."

အလိုမကျသောမျက်လုံးတွေက
ချက်ချင်းပင်မောင့်အားမော်ကြည့်လာသည်။
ဆေးရုံ၊ဆေးခန်းတွေ Jiminမကြားချင်ပါ။

" ဘာလို့လဲ ဆေးရုံကိုဘာလို့ဝင်ရမှာလဲ...."

" HoseokHyungနဲ့ ခဏလောက်
စကားပြောချင်လို့ပါ..."

" ဒါဆို မင်းပဲသွား ငါကားထဲမှာပဲကျန်ခဲ့မယ်...."

ပြောင်းလဲသွားသည့်မျက်နှာအသွင်အပြင်မှာ
မောင့်ရင်ခွင်ထဲကဖယ်ခွာ၍ တစ်ဖက်ခြမ်းကို
ကပ်သွားပုံကသိပ်မြန်သည်။

" မောင်တစ်ယောက်ထဲစိတ်ချတယ်ပေါ့..."

" ချတယ် သွား...ငါမလိုက်ဘူး..."

" Jiminကလည်း..."

" ဘာလို့လိုက်ရမှာလဲ ငါဆေးရုံကိုမုန်းတယ်
ဆေးနံ့တွေနဲ့ မကျန်းမာတဲ့သူတွေလည်းငါမကြိုက်ဘူး
မလိုက်ဘူးလို့ပြောနေတယ်နော်...."

မောင့်အားတစ်ချက်လေးတောင်မကြည့်ပါဘဲ
အပြင်ဘက်ဆီကိုစိုက်ကြည့်ရင်းမရပ်မနား
စကားတွေပြောနေပုံကမောင့်အား
ရန်တွေ့နေသယောင်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now