ပန်းချီတွေငိုခြင်း {၂၃}

2.6K 251 9
                                    

ဟိုတယ်ရောက်ကတည်းကတစ်ဦးထဲ
ဖြစ်နေသည်မို့အချိန်ကုန်တာကြာနေသလိုပင်
ခံစားမိသည်။

အထွေအထူး လုပ်စရာလည်းမရှိသလို
ရောက်ကတည်းက အသင့်ပြင်ဆင်ပေးထားသောအစားအသောက်တွေကိုလည်း စားပြီးနောက်မှာ
တိုကျိုထိသယ်ချလာသော ပစ္စည်းတချို့ကို
နေရာချလိုက်သည်

ထိုပစ္စည်းတွေကအထွေအထူးတော့မဟုတ်ပါ။
ဆွဲလက်စပန်းချီကားတစ်ချပ်နဲ့လိုအပ်သည့်
ပစ္စည်းများပင်ဖြစ်သည်။
ဒီရက်တွေထဲ အပြီးလက်စသတ်ရန် အတွေးရှိသည်မို့
စုတ်တံလေးကိုကြွကြွရွရွကိုင်ရင်းရေးဆွဲနေခဲ့တာ
အတော်ကြာသည်။

ပန်းချီတွေနဲ့ထိတွေ့နေရခြင်းဟာ
ပျင်းရိစရာတော့မရှိပါ။
ပါးချိုင့်တွေနဲ့အမျိုးသားရဲ့ပုံပန်းသဏ္ဍာန်တွေဟာ
ရုပ်လုံးကြွပြီးနေပြီးဖြစ်သည်။
ထိုနေရာတွင်ထိုင်နေခဲ့တာလည်းအတော်ကြာသည်။
အတော်လေးအချိန်ယူ၍ လက်စသတ်
ရေးဆွဲရသောပန်းချီတွေသည် ဒီနေ့မှာပင်
လတ်စသတ်ပြီးခဲ့သည်။

လိုအပ်သည့်နေရာများကိုဆေးရောင်တွေ
ထပ်ဖြည့်ရင်း လက်ရာမြောက်သော
ပန်းချီတစ်ခုဖြစ်ပေါ်လာသည်။
ပါးချိုင့်ကြီးနဲ့ပြုံးနေသောပန်းချီတွေထဲက
ထိုလူသည် အတိတ်ကချစ်ရသောပင်ဖြစ်သည်။

ပြုံးရင်းပင် ပန်းချီတွေကိုငေးစိုက်နေမိတုန်း
အခန်းထဲဝင်ရောက်လာသူရဲ့ခြေသံတွေကို
ကြားလိုက်ရသည်။
ကိုယ်သင်းနံ့ကအစရင်းနှီးပြီးသားမို့
မောင်ဆိုတာ မကြည့်လဲသိပါသည်။
လျစ်လျူရှုကာပင် လုပ်လက်စကို
ဆက်လုပ်နေသည်။

" Honey မောင်ပြန်လာပြီ..."

မကြားဟန်ဆောင်နေသူသည် ဘာတွေများ
လုပ်နေသလဲဟု ကဲကြည့်မိတော့ စုတ်တံလေး
ကိုင်လျက်ရည်းစားဟောင်းရဲ့ပုံတူကိုစိတ်နှစ်
ရေးဆွဲနေသည်။

အနားနားကပ်ကာ ချစ်ကြည်နူးရအောင်လည်း
အချိန်ကောင်းမဟုတ်ပါ။
ရည်းစားဟောင်းရဲ့ပုံတူကိုရှေ့ထားပြီး
ပန်းချီတွေနားကပ်နေရအောင်ထိလည်း
မောင်က သဘောမကောင်းနိုင်။

အဆင်ပြေပြေရှိနေပြီ ထင်ရပေမယ့်လည်း
ဒီလိုတွေပြုမူတိုင်း မောင်အများကြီး
သိမ်ငယ်သွားရပါသည်။
ပန်းချီတွေသည် အရင်လူကိုများ
စိတ်တွေရှိနေသေးတာလား ဆိုသည့်
အတွေးတွေဟာ မောင့်အတွေးတွေကို
ညအမှောင်ကျသွားစေသည်။
အရင်လူနဲ့ပတ်သတ်သောအရာတွေကို
ပြန်လည်မြင်တွေ့လိုက်တိုင်း မောင့်စိတ်တွေဟာ
အတိတ်တွေဆီ သံသရာလည်သည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now