ပန်းချီတွေငိုခြင်း {၂၄}

2.5K 231 14
                                    

" မောင့်ကို ချစ်တယ်....."

ပြုံးဖြီးသွားခဲ့သည့်မျက်နှာလေးမှာ
မှိတ်ကျသွားသည့်မျက်လုံးကျဥ်းလေးတွေက
အလှဆုံးပင်ဖြစ်သည်။
အကြောင်းရင်းကတော့ လက်ထဲတွင်
ဘီယာခွက်ကြီးကိုင်ထားကာသူ့ကြိုက်တတ်သည့်
ဘီယာတွေကိုသောက်သုံးနေရခြင်းကြောင့်ပင်
ဖြစ်သည်။

" မဖားနဲ့...JeonJimin..."

" သောက်လို့ကောင်းလိုက်တာ...."

အရက်၊ဘီယာတွေကိုသဘောကျလွန်းသူပီပီ
ဒီနေ့မှမောင့်ထံက ပါမစ်ရသည်မို့ဘီယာတွေ
သောက်ရင်း တိုကျိုတွင်အပျော်လွန်နေသူက
Jiminရယ်ပါ။

" မူးအောင်မသောက်နဲ့...ပြီးရင်နောက်တစ်နေရာ
သွားရဦးမှာ.... "

" ဘယ်နေရာလဲ မောင်ရဲ့...."

" ရောက်ရင်သိလိမ့်မယ်..."

" မောင်က လျှို့ဝှက်ဆန်းကြယ်တွေ
လုပ်နေပြန်ပါပြီ "

" မူးနေပြီလား..."

" မမူးပါဘူး မောင့်ကိုချစ်လို့ရနေသေးတယ်..."

အနက်ရောင် Leather coatနဲ့အတူ
အနက်ရောင်ဘောင်းဘီကျပ်ကျပ်ဖြင့်
JeonJiminလွင့်ဆဲလွင့်မြဲ။
မောင်သည်လည်း အနက်ရောင်တွေကြီးသီးသန့်ဖြင့်
all black Couple တွေပင်ဖြစ်သည်။

" ခဏလောက် Toilet သွားဦးမယ်..."

" မောင်လိုက်ပို့ပေးမယ်.."

" ရတယ် ခဏပဲ....."

" ရလို့လား...."

" ရတယ် အားလုံးအိုခေပဲ...."

လက်လေးဖြင့်အမူအရာတွေလုပ်ပြပြီး
Jiminသည် ထိုနေရာမှToiletဆီထွက်သွားခဲ့သည်။
မူးနေခြင်းမျိုးမဟုတ်ပါဘဲရီဝေဝေပုံစံလေးရဲ့
ကျောပြင်ကိုကြည့်ရင်းမောင်ကရယ်မိသေးသည်။

ဘီယာတွေအတော်လေးဝင်ထားတော့
ထုံးစံအတိုင်းပေါ့သွားအောင် Toilet တွင်
ရှင်းထုတ်လိုက်ရသေးသည်။
ပြီးနောက်တွင်အတော်လေးပေါ့သွားချေပြီမို့
ထိုToiletထဲမှထွက်လာခဲ့သည်။
ဘယ်ကြည့်ကြည့် ဂျပန်ကောင်လေး၊
ဂျပန်ကောင်မလေးတွေကJiminအမြင်ထဲ
တစ်မျိုးလေးတွေရယ်။

သဘောကျဟန်ဖြင့်တစ်ချက်မျှပြုံးမိတော့
Jiminနောက်ပါးဆီသို့လိုက်ပါလာသော
ရိသဲ့သဲ့ကောင်လေးသည်ဂျပန်လေးသာ ဖြစ်ဖို့များသည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now