" ကြည့်ပါဦး အရင်ကတည်းက
ချစ်စရာကောင်းတာ ခုထိကိုမပြောင်းလဲဘူး..."ကားလေးထဲတစ်ဦးထဲရေရွတ်ရင်းမှ
wallet ထဲအမြဲတမ်းနေရာယူထည့်သွင်း
ဆောင်ထားခဲ့သည့် ကျောင်းတုန်းက
NamJoonဓာတ်ပုံခပ်ဝါးဝါးလေးတစ်ခုအား
ထုတ်ယူကြည့်နေမိသည်။ကျောင်းသူကျောင်းသားတွေအများကြီးကြားထဲမှာမှNamJoonပုံလေးကိုသာသီးသန့်
ညှပ်ကာဆောင်ထားခဲ့တာသည်လည်း
ဆယ်စုနှစ်တစ်ခုမျှရှိပြီဖြစ်သည်။ယခုသည် ပန်းဆိုင်လေးရှေ့ ကားရပ်ကာ
ဝင်ရနိုးနိုး၊မဝင်ရနိုးနိုးဖြင့်သာ
အရိပ်အခြေကြည့်နေခြင်းဖြစ်သည်။
အရမ်းတွေလစ်လပ်နေသည့်အချိန်တွေအား
ပါးချိုင့်ကြီးအားဝေမျှပေးမှသာဖြစ်ပါတော့မည်လေ။" ကျေးဇူးတင်ပါတယ်ခင်ဗျာ..."
ဝယ်သူတချို့ကိုနှုတ်ဆက်နေသော
ပါးချိုင့်ကြီးသည်ဆိုင်အဝင်အဝလေးတွင်
တွေ့လိုက်ရသည်။
ပါးချိုင့်ကြီးတွေထင်းနေအောင်ထိ
မြင်လိုက်ရခြင်းတွေမှာ ကားထဲက
လူချောကြီးပင် လိုက်ပါပြုံးမိခဲ့သည်။" ဂရုစိုက်ပြန်ပါခင်ဗျ...."
ပြုံးနေလေလေ၊ပြေးတွေ့ချင်သည့်
စိတ်တွေကထိန်းမရတော့သည်မို့ ကားတံခါးဖွင့်ကာ
ကားထဲမှအမြန်ဆုံးထွက်လာခဲ့သည်။" NamJoonshii..."
" ခင်ဗျာ..."
တစ်ချက်လှည့်ကြည့်လိုက်သည်နဲ့
နေ့စဥ်နေ့တိုင်းလိုလိုဆိုင်ကိုရောက်လာတတ်သည့်
ဖောက်သည်ကြီးလိုဖြစ်နေပြီဖြစ်သော
SeokJinပင်ဖြစ်သည်။မြင်သည်နဲ့ပါးချိုင့်ကြီးတွေပါအောင်ပြုံးပြသည်။
စျေးသည်မို့များလား မျက်နှာကတော့
သိပ်ချိုရှာသည်။" ရောက်လာပြီပဲ နေ့လည်ကတောင်
မျှော်နေသေးတာ ..... "SeokJinတစ်ယောက်
ပါးစပ်ဟောင်းလောင်းလေးဖြင့်သာ
ပါးချိုင့်ကြီးအားကြည့်နေမိသည်။
မျှော်နေတာတဲ့" နံဘေးတွင်လိပ်ပြာတွေပင်
ဝဲကုန်တော့သည်။" မျှော်နေတာ ဟုတ်လား..."
" နေ့တိုင်းရောက်လာနေတော့ ဘာရယ်မဟုတ်ဘူး
မျှော်နေမိတာ..."
YOU ARE READING
ပန်းချီတွေငိုခြင်း