ပန်းချီတွေငိုခြင်း {၂၀}

2.9K 281 25
                                    

လူအတော်အသင့်သာရှိသောဒီနေရာက
Jeonနဲ့ရင်းနှီးနေပြီးသားHairShop
တစ်ခုကိုပင်ဖြစ်သည်။

စိတ်ကြိုက် လိုချင်သည့်ပုံစံကို
ပြောကြားပြီးနောက်မှာ Jeonရဲ့ဆံစ
ရှည်ရှည်တွေကိုစတင်ညှပ်ဖြစ်ခဲ့သည်။

ဖုန်းသုံးရင်းထိုင်စောင့်နေသူကတော့
ခြေထောက်တွေကိုချိတ်ထိုင်ရင်းပျင်းနေပုံရသည်။
ဆံသဆရာနဲ့စကားတွေပြောရင်းဖြင့်
မှန်ထဲမှတစ်ဆင့်ထိုင်နေသောသူကိုလည်းJeonကအဆက်မပြတ်ကြည့်နေသေးသည်။

Hairshopတွင်လူတော့မပြတ်ပါဘဲ
ယောက်ျားလေး၊မိန်းကလေးတွေသည်
အလျှိုလျိုဝင်ထွက်သွားလာနေကြသည်။
ဆိုင်ထဲဝင်လာသည်နဲ့အရုပ်လေးသဖွယ်
ထိုင်နေသူကို လည်ပြန်ငေးကာရိသဲ့သဲ့
လုပ်နေကြသောကောင်လေးတွေကလည်း
ရှိသေးသည်။

" ဓာတ်ပုံထဲမှာထက်အပြင်မှာ ပိုချောတယ်နော်..."

ရင်းနှီးနေပြီဖြစ်သောဆံသဆရာရဲ့
အဆက်အစပ်မရှိသောစကားကြောင့်
Jeonခွန်းတုန့်မပြန်တော့ပါဘဲနားစွင့်နေမိသည်။

" JungKook ခင်ပွန်းသည်ကိုပြောတာပါ
မဂ်လာဆောင်ကမရောက်လိုက်တော့
သတင်းတွေထဲကဓာတ်ပုံတွေထဲမှာပဲမြင်ဖူးတာလေ
အဲ့ဒါကြောင့်.... "

" အင်း..."

ချီးမွမ်းခြင်းဆိုသော်ညား အလိုမကျသလို
ဖြစ်သွားရတာမို့ စကားတွေအများကြီး
မတုန့်ပြန်ပါဘဲမှန်ထဲကတစ်ဆင့်ပန်းချီတွေကို
ကြည့်နေမိတာလည်းအမောပါပဲ။

ချိတ်ထိုင်နေသောခြေထောက်သေးသေးတွေကို
လှုပ်စိလှုပ်စိလုပ်ရင်းပျင်းလာတော့
အိပ်ချင်လာသည်။
တစ်ဝါးဝါးသန်းနေမိတုန်း အနားတွင်
လာထိုင်သောကောင်လေးတစ်ဦးသည်
ခန့်မှန်းရသလောက်အသက်ဆယ်ရှစ်နှစ်
ဝန်းကျင်သာရှိမည်။

" ဆံပင်လာညှပ်တာလား Hyung..."

တစ်ဖက်ကစကားတွေစတင်ပြောလာတော့
ဖုန်းထံမှအကြည့်တွေကိုလွှဲကာ ထိုကောင်လေးအား
သေချာကြည့်လိုက်သူက Jiminပင်။
ချောမောခြင်းတွေကမောင့်ကိုမမှီသော်ငြား
ခပ်ငယ်ငယ် ထိုကောင်လေးကဆွဲဆောင်မှု
အပြည့်ရှိသော မျက်နှာအချိုးအစားတွေကို
ပိုင်ဆိုင်ထားသည်။

ပန်းချီတွေငိုခြင်းWaar verhalen tot leven komen. Ontdek het nu