ပန်းချီတွေငိုခြင်း {၃၇}

2.7K 257 34
                                    

ခပ်အေးအေးဆောင်းတွင်းသော်ငြား
ရင်ထဲကအပူမီးကတော့တဟန်းဟုန်းဖြင့်
တောက်လောင်နေသည်။

လွမ်းသည်၊ဆွေးသည်၊ပြေးတွေ့ချင်၊
ပြေးပွေ့ချင်လည်း အခုက
တစ်ယောက်တစ်ကမ္ဘာစီမျှခြားနေခဲ့ပြီ။
အရက်တွေ၊စီးကရက်တွေကိုအဖော်ပြုရင်း
ပေတေစွာရှိနေသောဒီရက်တွေဟာ
မောင့်အမှားတွေအတွက် အကြီးမားဆုံး
ပေးဆပ်ခန်းတွေ။

" ငါ အဆင်​ပြေနေပါတယ်..."

TaeHyungတစ်ဦးတစ်ယောက်ကသာ
Jeonနဲ့အဆက်အသွယ်ရှိခဲ့သည်မို့အမြဲတမ်း
လိုလိုနေ့ညမနားဆက်သွယ်သည်။

" လွမ်းနေလို့ ဝီစကီလေးနည်းနည်း
သောက်ထားရုံလေ..."

" ..... "

" ရာသီဥတုက အရမ်းအေးတယ်TaeHyung
တစ်ယောက်ထဲဆိုတော့ ချမ်းစိမ့်စိမ့်ပဲ
လန်ဒန်မှာဆို ပိုများအေးနေမလားနော် ....."

" .......... "

" ညတွေအိပ်မပျော်ဘူး ဆေးတွေသောက်လည်း
မသက်သာဘူး JeonJiminမရှိလို့များလား..."

ခပ်ဟဟရယ်သံလေးဖြင့်
အနည်းငယ်မူးနေသူဟာ
ဖုန်းခေါ်ဆိုမှုအစအဆုံးကို Jiminနဲ့စ၍
Jiminနဲ့ဆုံးခဲ့ပါသည်။

မတတ်သာလို့လက်လွှတ်ခဲ့ရတာပါ၊
ပန်းချီတွေကိုမောင်ဘယ်လောက်တောင်
မက်မောခဲ့သလဲ။

ညတွေအိပ်မပျော်လို့အိပ်ရာနံဘေးမှာ
ပြန့်ကျဲနေသောအိပ်ဆေးဗူးတစ်ချို့ဟာ
ပွပလဲလျက်။
ညစဥ်ညတိုင်းမှာအပြစ်ရှိစိတ်တွေဟာ
ခြောက်လန့်သည်။
တစ်နေ့နေ့မှာများ ကံကောင်းထောက်မစွာဖြင့်
အိပ်ဆေးလွန်ကာ သေသွားဖို့ရက်ကိုလည်း
မျှော်လင့်နေမိသေးသည်။

လူမသေပဲ၊စိတ်တွေသေသွားခဲ့ခြင်းကို
မောင်ကကိုယ်တွေ့ခံစားနေရသည်။
သေသေသပ်သပ်ကို မောင်ဝဋ်လည်နေကြောင်း
နားလည်ခဲ့သည်။

တစ်လောကလုံးနှင့်အဆက်အသွယ်ဖြတ်ကာ
မောင်ကတိုကျိုမှာတိတ်တိတ်လေး
နာကျင်စွာဖြင့် ရှိနေသည်။

ယူကျုံးမရတာတွေ၊
ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်တွေ၊
သေသေချာချာမကိုင်တွယ်နိုင်ခဲ့သည့်
ကျွန်တော်တို့ဆက်ဆံရေးတွေ၊
ဘယ်ဘက်ကိုပဲလှည့်ကြည့်ကြည့်
အဖက်ဆယ်မရတော့တာသေချာနေခဲ့ပါသည်။
ဘာလုပ်နေဦးမှာလဲ၊ ဘဝကူးသွားသည်ကမှ
အေးချမ်းနိုင်ဦးပါမည်ဟုတွေးမိတော့
တစ်ချက်မျှရယ်မိသေးသည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now