ပန်းချီတွေငိုခြင်း {၃၁}

2.2K 233 24
                                    

အခြေအနေတွေသည်ဘယ်လိုမှ
အဆင်မပြေနိုင်တော့ဘူးဆိုတာသိ၍
အင်တာဗျူးတွေပြီးပြီးချင်းမှာပဲမောင်သည်ထိုပွဲမှ
ခပ်သွက်သွက်ပဲပြန်လာခဲ့သည်။

Lauraနဲ့အတူရှိနေစဥ်အတွင်း
မျက်ခုံးတွေသည်လည်း ခပ်လှုပ်လှုပ်။
အိမ်ပြန်လာစဥ်တစ်လျှောက်လုံးလဲ
ကြောက်အားလန့်အားဖြင့်နဖူးတွင်ချွေးစေးများကို
လက်ဖြင့်သပ်ချရသည်။

ငြိုငြင်မှာကိုကြောက်သည်။
ငိုနေမှာကိုကြောက်သည်။
မချစ်တော့မှာကိုကြောက်သည်။
ချစ်မိခဲ့သည့်အချိန်ကာလတစ်ခုကိုအရောက်မှာ
မျက်နှာလေးမဲ့ကျသွားလျှင်တောင်
အများကြီးတုန်လှုပ်ခဲ့ရသည်။

အချိန်သည် ညဆယ့်နှစ်နာရီဝန်းကျင်။

" Jimin ....! "

ခြံဝန်းထဲမှအပြေးအလွှားလေးပြေးတတ်လာရင်း
မောင့်ခေါ်သံသည် ကျယ်လောင်သည်။

" အကိုလေးJimin အပြင်ထွက်သွားတယ်..."

" ဘာ....ဘယ်တုန်းကလဲ ဘယ်သူနဲ့လဲ...!!! "

အိမ်အကူလေးသည် မောင့်ကိုကြည့်ကာ
မျက်လုံးပြူးလေးဖြင့် ထိတ်လန့်သွားပုံလည်း
ပေါ်သည်။

" အကိုလေး ထွက်သွားပြီးမကြာပါဘူး
လူတစ်ယောက်နဲ့အတူအပြင်ထွက်သွားတယ်..."

" ဘယ်သူလဲ...အဲ့ဒါဘယ်သူလဲနင်တို့
မသိလိုက်ကြဘူးလား.....!!!! "

" ဟို အဲ့ဒါက...Ji.Ho..ဆိုလား..."

သူမ၏စကားတွေမဆုံးလိုက်ခင်မှာ
လက်ထဲမှအပေါ်ထပ်အက်ျီအား လွှင့်ပစ်ကာ
အိမ်ထဲမှထွက်လာခဲ့တာ သိပ်မြန်သည်။
ချွေးတွေသည်လည်းစီးကျတာ သိပ်ကို
များပြားသည်။
အမှန်အတိုင်းများဝန်ခံရရင် စိုးရိမ်၊
ကြောက်ရွံ့ခြင်းတွေဟာ
ဘယ်လောက်ထိများလဲဆိုရင်
လက်တွေတုန်ယင်ပြီး၊ငိုချချင်လာတာ။

ထားပစ်ခဲ့တော့မှာလား၊ပြန်မလာဖို့များ
တွေးနေခဲ့ပြီလားဆိုတဲ့အတွေးမှာကြောက်ရွံ့
ဝမ်းနည်းလာသည်။
အချိန်မတော်ကြီးမှာ ရောက်ချလာခဲ့တာသည်
Jiminတို့ခြံရှေ့ပင်ဖြစ်သည်။

" JeonJimin...!!!! "

" JeonJiminရေ...!!! "

" JeonJimin....!!!! "

ပန်းချီတွေငိုခြင်းWhere stories live. Discover now