ပန်းချီတွေငိုခြင်း{ ၂၉ }

2.1K 207 18
                                    


လန်ဒန်တွင် မောင်နဲ့နှစ်ဦးထဲရှိနေသော
နေ့ရက်တွေဟာ
ပြုံးချင်၊ပျော်ချင်စရာတွေ။
နေ့လည်နေ့ခင်းတွေမှာသူငယ်ချင်းတွေနဲ့
လျှောက်သွားတတ်ပြီး မောင်က
နောက်ကတကောက်ကောက်
လိုက်ပါလာတတ်ခြင်းကို သိပ်သဘောကျသည်။

တနေကုန်လည်ပတ်လျှောက်သွားပြီးနောက်မှ
ဟိုတယ်မှအခန်းလေးဆီပြန်ရောက်သောအခါ
မောင့်ရင်ခွင်ထဲ တိုးဝင်အိပ်စက်လိုက်တိုင်းမှာ
ပင်ပန်းသမျှတွေ ကွယ်ပျောက်သည်။

ပတ်ဝန်းကျင်ဆိုတာတွေကိုလုံးလုံးလျားလျားမေ့ပစ်လိုက်နိုင်သည်အထိဒီနယ်မြေလေးအား
မောင်နဲ့ပန်းချီတို့ရဲ့နှစ်ယောက်
တစ်ကမ္ဘာအလား။

" ဆေးသောက်ရမယ်နော် Jimin
မောင် Teaပူပူလေးလည်းဖျော်လာတယ်..."

Teaပူပူလေးကိုကိုင်ဆောင်လာရင်းလက်ထဲတွင်လည်းJiminကိုတိုက်နေကျဆေးတွေက
အသင့်ပါလာသည်။
အမြဲတမ်းသောက်နေရလည်းဘယ်တော့မှ
ဆေးတွေနဲ့နေသားမကျသူဟာ ဆေးဝါးတွေကို
မြင်တိုင်းနှာခေါင်းရှုံ့သည်။

" နေ့တိုင်း ဒီဆေးတွေပဲသောက်နေရတယ်..."

" ဒါဆို မောင့်အသဲက ဆေးတွေများ
ပြောင်းသောက်ချင်လို့လား...."

" မောင်နော်...."

" စတာ...စတာ အသည်းတွေယားလို့..."

ပါးတွေကိုခပ်ဖွဖွဆွဲရင်း ဆေးတွေတိုက်ရ
လွယ်ကူစေရန်မောင်က ဉာဏ်ဆင်ရသည်။
မဟုတ်ရင် ဆေးသောက်ခါနီးဂျီကျတာက
မပြီးနိုင်မစီးနိုင်။

" ဟင့်အင်း ဒီတစ်ရက်လေးတော့
လျှော်လိုက်ရအောင်လေ နောက်နေ့ဆို
သောက်ပါ့မယ်... "

" ဒီနေ့ ဒီဆေးတွေကိုသောက်မယ်ဆိုရင်
မောင်က မနက်ဖြန်တစ်ရက် လန်ဒန်မှာ
ထပ်နေပေးမယ်....."

" တကယ်ကြီးလား.... "

" ဟုတ်တယ်... သဘက်ခါမှအိမ်ပြန်မယ်
မနက်ဖြန်တစ်ရက်လုံး Jiminကိုအပြင်ကို
ခေါ်သွားမယ် မောင်တို့နှစ်ယောက်ထဲ
အေးဆေးလေး Dateကြမယ်လေ...."

သဘောကျတာပေါ့၊နှစ်ယောက်ထဲဆိုကတည်းက
ဆေးတွေမပြောနဲ့ဆေးထက်ခါးတဲ့
တမာပင်ကိုတောင် အပင်လိုက်မျိချချင်ခဲ့သည်။
ပြုံးရင်းပျော်ရင်းလက်ထဲက ဆေးလုံးလေးတွေကို
ကောက်ယူမျိုချခဲ့သည်။
မောင်ချော့တာခံချင်လို့ဂျီကျနေတာလေ။
အထူးတလည်တော့လည်းမဟုတ်
ဆေးတွေသည်လည်း
ဒီနေ့တွင်ထင်သလောက်မခါးခဲ့ပြန်။

ပန်းချီတွေငိုခြင်းOpowieści tętniące życiem. Odkryj je teraz