ပန်းချီတွေငိုခြင်း {၂၁ }

2.7K 262 18
                                    

" မာမီ...ကျွန်တော် တောင်းပန်ပါတယ်..."

" ဘာလို့လဲ ဘာတွေဖြစ်နေလဲဆိုတာ
မာမီ့ကိုရှင်းပြပေးနိုင်မလား...!!! "

Jeonသည် ရေချိုးပြီးခါစအက်ျီဝတ်ခြင်းဆီ
မရောက်လိုက်ပါဘဲ
အခန်းထဲက ဗလုံးဗထွေးအခြေအနေမှ
မိခင်ဖြစ်သူကို ဧည့်ခန်းထဲသို့
အတင်းကာရောပင်ဆွဲယူခေါ်ဆောင်ခဲ့ရသည်။
သို့သော်အမျက်မပြေသေးသောသူမသည်
အသားတွေပင်တဆတ်ဆတ်တုန်နေချေပြီမို့
ဘယ်လောက်ထိဒေါသတွေများပြားနေပြီလဲဆိုတာ
Jeonခန့်မှန်းမိသည်။

" ဟို...ကျွန်တော်...ကျွန်တော်..."

" မာမီ့ကိုဖုံးကွယ်ထားတာတွေရှိနေတာလား
ဘာလို့အဲ့အရူးရှေ့မှာ သားက...အဲ့လိုမျိူး..."

" ကျွန်တော် Jiminကို ...
သဘောကျမိသွားတယ် မာမီ..."

မိခင်ဖြစ်သူ စကားတွေ
မဆက်နိုင်တော့အောင်ပင်ကြောင်အသွားချေပြီ။
ဒီအတောအတွင်းအနည်းငယ်ရိပ်စားမိပေမယ့်
ဒီလိုတွေဖြစ်လာဖို့ကိုတော့ အတပ်မတွေးမိခဲ့ပါ။

အခုတော့စိတ်ပိုင်းဆိုင်ရာမူမမှန်သောသူကို
သဘောကျနေပါပြီတဲ့ စိတ်ပျက်သွားခြင်းတွေသည်
သူမမျက်နှာပေါ်တွင်အထင်းသားပေ။

" ဘာပြောလိုက်တယ်..."

" မာမီစိတ်ပျက်သွားလောက်ပေမယ့်
ကျွန်တော်မတတ်နိုင်ခဲ့ဘူး Jiminကို
အများကြီးသဘောကျနေမိပြီ....."

" သား...သူက ရူးနေတာနော်...!!! "

ကျယ်လောင်သွားသည့်သူမရဲ့စကားသံသည်
ဒေါသတွေကြောင့်ဖြစ်ပါလိမ့်မည်။
ဒီအရွယ်ဒီအချိန်ထိပုံစံခွက်တစ်ခုထဲထည့်၍
ထိန်းသိမ်းလာခဲ့သမျှတွေက ဒီနေ့မှာ
သဲထဲရေသွန်သလိုခံစားလိုက်ရသည်။
မိခင်ဖြစ်သူရဲ့စိတ်နေစိတ်ထားတွေကို
လျစ်လျူရှုကာ ဘာမဟုတ်သော
စိတ်ခံစားချက်တွေကို အထူးတလည်
တုန့်ပြန်နေသော သားဖြစ်သူကိုကြည့်ကာ သူမရဲ့
ဒေါသတွေကိုအံကြိတ်မျိုချထားနေရသည်။

" သူအများကြီး အဆင်ပြေနေပါပြီ....
အများကြီးဆေးကုသမှုခံယူပြီး အများကြီး
ဘေးကနေကူညီပေးမယ်ဆိုရင် သူပြန်ကောင်း
လာမှာပါ...."

ပန်းချီတွေငိုခြင်းWhere stories live. Discover now