"မငိုပါနဲ့ကွာ လက်ထပ်ခွင့်တောင်းတာက ပျော်စရာကိစ္စပဲမလား"

"ငိုမှာပဲ ဦးရဲ့ surpriseကအမိုက်စားကြီးဥစ္စာ"

"ဒါကမမိုက်သေးပါဘူး ငယ်လေးရဲ့ ဒီ့ထက်ခမ်းနားတာတွေ ငယ်လေးအတွက်ရှိသေးတယ်
အသက်ကလေးက အဆင်သင့်ဖြစ်နေပြီလို့ ကိုယ့်ယောက်ဖကပြောတယ် သူကလည်း Leoponကို သူ့သမီးလက်ထဲ ထည့်ပေးတဲ့အချိန် ကိုယ်ကလည်း ကိုယ့်တူမလေးလက်ထဲ နယ်မြေတွေထည့်ပေးခဲ့မှာ
အဲ့ဒီအချိန်ကစပြီး ငယ်လေးနဲ့ကိုယ် ဒီမှာနေကြမယ်"

"ဦး သိမ်မွေ့ကို အရင်လိုပစ်မထားတော့ဘူးမလား"

"မပစ်ပါဘူး နေ့နေ့ညည သိမ်မွေ့အနားမှာပဲရှိနေမှာ ဟုတ်ပြီလား"

သိမ်မွေ့ခေါင်းလေးညိတ်ပြလိုက်တော့ ဦးက သိမ်မွေ့မျက်နှာလေးကို မေးဖျားမှ မော့ယူကာ နဖူးကိုဖွဖွလေးနမ်းတော့ ရင်ထဲချမ်းမြေ့သွားသလိုပင်။
ဦးလည်ပင်းကိုသိုင်းဖက်ကာ မေးဖျားကိုနှုတ်ခမ်းလေးနှင့် ဖျတ်ခနဲနမ်းလိုက်ရင်း…

"သက်ထက်က ပြန်မလာသေးဘူးမလား"

"အင်း ဒါပေမယ့် မကြာတော့ဘူးလေ"

မဝေးတော့သည့်အနာဂတ်ကို တွေးကြည့်ရင်း သိမ်မွေ့ကျေနပ်သွားမိပြီး ဦးကိုတင်းတင်းဖက်ကာ ရယ်မိတော့ ဦးက သိမ်မွေ့ကိုစွေ့ခနဲပွေ့ယူသည်။
အလိုက်သင့် လည်ပင်းကိုသိုင်းဖက်လိုက်တော့ ဦးက သိမ်မွေ့နဖူးလေးကို ငုံ့နမ်းပြီး…

"တစ်ခါတည်းမင်္ဂလာဦးလိုက်ရအောင်"

"ဟာ!.. ဦးနော်.. ညစ်ပတ်ပြီ"

"အစောကြီးရှိသေးတယ်လေ ညနေမှပြန်မှာမလား မိုးအေးအေးလေးနဲ့ ကိုယ့်မိန်းမနဲ့.."

"Daddyလူညစ်ပတ်"

မျက်စောင်းလေးချီမိပေမယ့် ဦးတောင်းဆိုလာတိုင်း မငြင်းဖူးတာမို့ ဦးရဲ့ဆန္ဒအတိုင်းသာ သိမ်မွေ့တို့အိမ်အသစ်ကလေးထဲရောက်လာခဲ့သည်။
ပြင်းရှသောအနမ်းတွေ၊ နူးညံ့သည့်အထိအတွေ့တွေဖြင့် ဦးဟာ သိမ်မွေ့ကို ပိုပြီးချစ်လာအောင်မြှူဆွယ်နေသလိုပင်။

အားပစားလိုက်စားသလို အမြဲတမ်း Exerciseရှိသူမို့ တစ်ခါဖြစ်လိုက်တိုင်း ဦးကမမောဘဲ သိမ်မွေ့ကသာမလှုပ်နိုင်တော့။
တစ်ခါတစ်လေ သိမ်မွေ့ကိုမနားတမ်းချစ်နိုင်တာမို့ ဦးဟာတကယ်ပဲ အသက်၅၀ကျော်လားဟု တွေးမိသည်အထိ…

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now