"ကျစ်!! ဒီအချိန်မှကွာ"

စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါလိုက်မိကာ မကိုင်ဘဲလည်းမနေနိုင်သောကြောင့် ဖုန်းကိုကိုင်လိုက်သည့်အခါ ထူးလာသည့် ဟဲလိုဆိုသည့်အသံကိုက အမြင်ကတ်စရာ…
ဘာ!! တစ်ချိန်ကညီမလေး…

"တစ်ချိန်က ညီမလေးဆိုလို့ ဘယ်သူများလဲမှတ်တယ် ငါးမြွေထိုးမ,ပါလား"

"ကိုကိုကလည်း ပြောရက်လိုက်တာ"

"ဟ!! နင်က တစ်ချိန်ကညီမ,တင်မကဘူး တစ်သက်လုံးငါ့ညီမပဲဖြစ်နေမှာလေ အခုနင်မွှေတာ ငါ့ဆော်ငါ့ကိုစိတ်ဆိုးသွားပြီ"

"ဆိုးပေါ့ ဂရုစိုက်စရာလား ထားပါ ပြီးမှရန်ဆက်ဖြစ်ရအောင် အခုကိုကို သက်ထက်ကိုလာခေါ်ပါဦး"

"နင်က ဘယ်ကိုလာတာလဲ အဲ့ဒါ"

"ဖေဖေကလွှတ်လိုက်တာ ကိုကိုနဲ့နေဖို့"

"ဘာ!!"

"ခေါ်နေတုန်း ကောင်းကောင်းမွန်မွန်လာခေါ်နော် မဟုတ်ရင်တော့ လေးဘုန်းဆီလိုက်သွားမှာ အဲ့ခါကျ ကိုကိုကပစ်ပစ်ခါခါ၊ ရက်ရက်စက်စက်နဲ့ သက်ထက်ကိုလာမခေါ်ပါဘူးဆိုပြီး"

"ကျစ်!! နင်တော်တော်မွှေတာပဲ သက်ထက်ရာ"

စိတ်ညစ်သွားမိပေမယ့် ဟိုတစ်ရက်ကမှ ဦးယံကို သူကိုယ်တိုင်ပြောခဲ့ခြင်းကို သတိရသွားပြီး ဦးယံဟာ အခုအချိန်ထိစိတ်မြန်လက်မြန်ရှိနေဆဲဟု သတိပြုမိသည်။
အသက် မြေပြန့်ကိုဆင်းလာမှတော့ ဒါကိုလည်း Blackတို့လည်းသိမှာဖြစ်ကာ ဦးယံက ဘာကြောင့်မို့များ လက်လွတ်စပယ် လွှတ်လိုက်သလဲမသိ။

"အမလေး ဖြေသံတောင်မကြားရတော့ဘူး နေပေါ့ လေးဘုန်းဆီသွားမယ်"

တီခနဲဖုန်းချသွားသံကြောင့် အသည်းအသန်ပြန်ခေါ်မိပေမယ့် ထက်ဘုန်းလျှံရဲ့သမီးက ဖုန်းမကိုင်တော့ချေ။
သူထင်တာမမှားလျှင် ဒက်ဒီရှိသော Min Groupကိုပဲသွားမှာမို့ ဖုန်းကိုဘောင်းဘီအိတ်ထဲထိုးထည့်ကာ ဆိုင်အပြင် အပြေးထွက်လာခဲ့သည်။
ကားပေါ်ကိုလည်း အပြေးအလွှားခုန်တက်ကာ တရှိန်ထိုးမောင်းထွက်လာခဲ့သည့်အခါ သူ့ကားလေးသည် လေးညှို့မှလွှတ်လိုက်သည့် မြားတစ်စင်းလို။

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now