အပိုင်း(၁)

Start from the beginning
                                    

ကျောင်းတက်ရလွယ်စေရန် ကျောင်းနှင့်နီးသောနေရာတွင် တိုက်ခန်းတခန်းငှား၍နေလေရာ အသွားအပြန်တော့ပူစရာသိပ်မလိုပေ။ အတန်းချိန်များမတူသဖြင့် အားလုံးနှင့်အချိန်ညှိကာ ညနေ ၅နာရီခွဲတွင်စုံရန်သတ်မှတ်လိုက်ကြလေသည်။ ကျောင်းအနီးရှိ ‌အကင်ဆိုင်ခပ်ကြီးကြီးတဆိုင်အား ဆိုင်လုံးပြတ်ငှားလိုက်ခြင်းဖြစ်သဖြင့် အေးဆေးသည်ဟူ၍တော့ ဆိုနိုင်သည်။

ဂျိုရှုအာတစ်ယောက်ယနေ့အတန်းသည်မနက်တွင်သာ ရှိသဖြင့် တနေ့လည်လုံးအခန်းတွင်း အပျင်းကြီးကာနေနေလေသည်။ ၄နာရီထိုးမှသာ ပွဲသွားရန်စပြင်ဆင်လေသည်။ရေချိုးကာဝတ်ရမည့် အဝတ်စားကိုရွေးချယ်လိုက်သည်။ ‌ကိန်းကြီးခမ်းကြီးနိုင်မည်ဆိုးသဖြင့် ပေါ့ပေါ့ပါးပါးအဝတ်များသာဝတ်ရန်တွေးထားသည်။ ရာသီဥတုသည်လည်း နေ၍ကောင်းနေသောကြောင့် ရိုးရိုးရှင်းရှင်းပင် အဖြူပေါ်အနက်စင်းခပ်ကျဲကျဲပါသော ရှပ်အင်္ကျီနှင့် ‌ဘောင်းဘီအနက်ကိုပင် ဝတ်ဆင်လိုက်သည်။ ညပိုင်းတွင် အေးတတ်သောကြောင့်ကုတ်အင်္ကျီမထူမပါးတစ်ထည်အားလက်မှကိုင်ကာ ထွက်လာလိုက်လေသည်။

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်မှာ တံခါးခေါက်ရန်ကြံနေသော သူ၏သူငယ်ချင်း၊ တနည်း သူ့အားဤပွဲသို့မရမကခေါ်ပါသော ကောင်စီဥက္ကဌ ချွဲဆွန်းချောလ်ပင်ဖြစ်သည်။ဂျိုရှုအာတစ်ယောက် အလိုမကျဟန် မျက်မှောင်ကုတ်ကြည့်လိုက်ရာ သကောင့်သားမှာ သူ့အားရယ်ပြသည့်အလား အပြုံးခပ်ကြီးကြီးထုတ်ပြလာလေသည်။

"ရှုအာ မင်းပြောတော့မလာချင်ဘူးဆိုပြီး ခုကျတော့လည်း အရမ်းတက်ကြွနေသလိုပဲနော် အခုမှ၅ နာရီပဲရှိသေးတာကို မင်းကသွားတော့မို့ပေါ့"

"အပိုတွေမပြောစမ်းနဲ့ ဆွန်းချောလ် ငါအခုချိန်ထွက်မှ ၅ခွဲကိုမှီတယ်ဆိုရုံလေးလေ မင်းအဖေလမ်းတွေကရှင်းနေတာမဟုတ်ဘူး "

"ငါ့အဖေသူ့ဘာသူ အလုပ်မှာပါကွာ ဟားဟား"

"ရွဲ့ပြောတာ ငါ့သား‌လေးရေ"

သေမလိုရယ်နေသောဆွန်းချောလ်အား စိတ်မရှည်ဟန်‌တွန်းဖယ်ကာထွက်‌လာလေတော့ နောက်မှလိုက်ကာ တတွတ်တွတ်လိုက်ပြောပြန်သည်။

Hot Chocolate Where stories live. Discover now