"No one survive"

သူလွှတ်တင်ထားသောဒရုန်းဆီမှ Scanဖတ်ပြီး နားကြပ်မှကြားလိုက်သောအသံကြောင့် လေတစ်ချက်ချွန်ရင်း သေနဝာ်ကိုကျောမှာလွယ်လိုက်ကာ သံတန်းကြီးပေါ်မှ ခုန်ချလိုက်သည်။
နေရာတစ်ခုလုံးတိတ်ဆိတ်နေပြီမို့ နားကိုစွင့်ထားလိုက်ရင်း Luggageတွေအနားချဥ်းကပ်လာခဲ့ကာ ဖွင့်ကြည့်လိုက်တော့ တစ်လုံးက ကန်ဒေါ်လာတွေအပြည့်။

"Woww.. ယွမ်နဲ့တောင်မဟုတ်ဘူး အဟွန်း.."

နောက်Luggageကိုဖွင့်လိုက်တော့ ဖြစ်သလိုထည့်ထားသည့် G lockအမျိုးအစား သေနဝာ်တွေ။
လေတစ်ချက်ချွန်ရင်း luggageနှစ်ခုလုံးကိုတစ်ဖက်စီဆွဲကာ ထိုနေရာမှထွက်လာခဲ့တော့ သူ့အနောက်က ဂိုထောင်ဟောင်းသည် ဖုန်းဆိုးတောလိုတိတ်ဆိတ်နေခဲ့၏။

ကားပေါ်ကိုဘုန်းခနဲပစ်တင်လိုက်ပြီး Hong Kongသင်္ဘောဆိပ်ကိုဦးတည်လာခဲ့ကာ သင်္ဘောဆိပ်ကိုရောက်သည်နှင့် luggageတွေဆွဲပြီး ကားပေါ်ကဆင်းလာခဲ့သည်။
သူ လေတစ်ချက်ထပ်ချွန်တော့ ကုန်းပတ်မှာဘာတွေစစ်ဆေးနေသလဲမသိသော သင်္ဘောသားတစ်ယောက်က သူ့ဆီအပြေးရောက်လာ၍ luggageတွေကို လှမ်းပေးလိုက်သည်။

"မဲခေါင်မြစ်ဝှမ်းကိုပို့ချင်တယ်"

"မဲခေါင်မြစ်ဝှမ်းရဲ့ ဘယ်နေရာလဲ"

"သုဝဏ္ဏဘူမိ"

"လာယူမယ့်သူရှိလား ဘယ်သူ့နာမည်နဲ့လဲ"

"ထက်ဘုန်းလျှံ Leopon"

💝💝◽◽◽💝💝

"သခင်လေး Hong Kongကိုပါသွားတဲ့ပစ္စည်းတွေ ပြန်ရောက်ပါပြီ"

အဖေ့သေနဝာ်ကို တိုက်ချွတ်နေရာမှ မော့ကြည့်လိုက်မိကာ Hong Kongကိုဘယ်သူ့မှမလွှတ်ခဲ့တာမို့ ဘယ်သူ့လက်ချက်လဲဟု စဥ်းစားရင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
အရောင်းအဝယ်လောကမှာ ဖျံကျသည့်လူတွေရှိသလို သစ္စာဖောက်တွေလည်း အနည်းနဲ့အများရှိတာမို့ လက်နက်တွေခိုးယူခံရခြင်းဟာ အဆန်းမဟုတ်။
Leoponအနေဖြင့် ဖျံကျရဲသည့်အဖွဲ့မရှိပေမယ့် သစ္စာဖောက်တွေကတော့ အပုံလိုက်ရှိ၏။

"အစ်ကိုကြီး ကျွန်တော်ဖွင့်လိုက်မယ်"

"အင်း"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now