အပိုင်း (၁၄)

Start from the beginning
                                    

" မမဝေ ပြောမှ မေရီ ပိုသွားချင်လာပြီ "

" ဒါ့ထက် ရွှေကြည်က ဘယ်မှာက မှာတဲ့တုန်း "

" စစ်ကိုင်းမြို့ပေါ်မှာတဲ့ မမဝေ။ မေရီ့ဆီစာလာတယ် မေရီတို့ ရောက်နေတဲ့ရွာနဲ့ သိပ်မဝေးလို့ သွားချင်သွားလို့ရအောင်တဲ့။ ပြဇာတ်က လာမယ့်စနေနေ့စမယ်တဲ့ မေရီသွားချင်လိုက်တာ "

သက်ဝေ စဉ်းစားရသည်။ မေရီ့ဆန္ဒသည်လောက်ပြင်းပြနေတာ သက်ဝေ လိုက်ပို့ချင်သည်။ သို့သော်လည်း သည်ရွာကနေ စစ်ကိုင်းကိုဘယ်လိုသွားရမည်လဲ။ ညအိပ်ညနေမျိုးသွားရမှာဖြစ်သည့်အတွက် အဆင်ပြေပါ့မလား သက်ဝေ မသေချာ။

" အေးကွယ် မမဝေ စီစဉ်ကြည့်ပါဦးမယ် အဆင်ပြေရင် သွားကြတာပေါ့ မှုတ်ဘူးလား "

" ဟုတ်ကဲ့ပါ မမဝေ "

ဝေ ချက်ချင်းပင် ဒါရိုက်တာကို အပူကပ်ရသည်။ ခွင့် ၃ ရက်ပေးဖို့နှင့် သက်ဝေတို့ကို စစ်ကိုင်းမြို့ပေါ်ကို လိုက်ပို့ဖို့ ခွင့်တောင်းရသည်။

" ဟ ရိုက်ကွင်းကပြီးတော့မင့်ဟာ သက်ဝေရယ် ဘာလို့အရေးတကြီးတုန်း "

" ဒါဖြင့် ဘယ်နေ့ ပြီးမလဲ ဆရာ "

" သဘက်ခါလောက်ဆို အပြီးသတ်လို့ရပါပြီ "

ယနေ့ အင်္ဂါဆိုတော့ ကြာသပတေးနေ့လောက်ဆို ရိုက်ကွင်းပြီးနိုင်သည်။။သိမ်းဆည်းပြင်ဆင်၍ သောကြာနေ့ကိုထွက်နိုင်လျှင် စနေနေ့ စစ်ကိုင်းတွင်တစ်ညအိပ်နိုင်သည်မို့ သက်ဝေ ပျော်သွားသည်။

" ဒါဖြင့် ဝေ တို့ သောကြာနေ့ပြန်ပြီးရင် စနေနေ့တစ်ရက် စစ်ကိုင်းမှာနေခဲ့ဦးမယ် ဆရာ။ အပြန် မန်းလေးလည်းဝင်ချင်သေးလို့ ဝေတို့ တစ်ပတ်လောက်ရှိမှ ရန်ကုန်ကို ပြန်ဆင်းခဲ့လို့ရလား ဆရာ "

" ရပါ့ဗျား ငါတို့ ဖလင်ကိုတည်းဖြတ်ပြီး နောက်ခံသီချင်းနဲ့ အသံသွင်းတာတွေ လုပ်ထားနှင့်မယ် တစ်ပတ်ထက်တော့မကျော်‌နဲ့နှော့ လက်စသတ်စရာတွေရှိသေးတယ် ကြားလား "

" ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ် "

သက်ဝေ ဒီနေ့အဖို့ ရိုက်ကူးရေးပြီးစီးပြီးနောက် အိမ်သို့ ခပ်မြန်မြန်ပြန်လာခဲ့သည်။ ဤသို့ ဝမ်းသာစရာသတင်းကောင်းကို မေရီ့ကို မြန်မြန်ပြောပြချင်သည်။ သို့သော် အိမ်ကိုရောက်တော့ မျှော်လင့်နေသည့် မေရီအပြင် ကိုထွန်းမြတ်ကိုပါ တစ်ပါတည်းတွေ့လိုက်ရလေသည်။ မေရီ့မျက်နှာကိုကြည့်ရသလောက်တော့ ကိုထွန်းမြတ်လာလည်သည်ကို သဘောတွေ့ပုံမပေါ်။ မကောင်းတတ်၍သာ ထိုင်စကားပြောပေးနေရသည့်ပုံပင်။

ချစ်သက်ဝေWhere stories live. Discover now