ပန်းချီတွေငိုခြင်း {၂၃}

Start from the beginning
                                    

" မောင် ရေချိုးလိုက်ဦးမယ်..."

ထိုမျှလောက်နဲ့သာ အပေါ်ထပ်အက်ျီကို
ချွတ်ရင်းမောင်သည် ရေချိုးခန်းထဲငူငူငိုင်ငိုင်ပဲ
ဝင်သွားခဲ့သည်။

Jimiinကတော့ မျက်ခုံးလေးပင့်လျက်ပင်
ရေချိုးခန်းထဲဝင်သွားသူအားမသိမသာ
ခိုးကြည့်လိုက်သေးသည်။
ပြီးနောက်တွင် လက်စသတ်ပြီးစီးသွားသည့်
ပန်းချီတွေချန်ရစ်ကာ စားပွဲတွေဆီမှာ
အသင့်ရှိနေသောဝိုင်ပုလင်းထဲမှဝိုင်တချို့ကို
ငှဲ့ထည့်လိုက်သည်။

မောင်နဲ့အဆင်ပြေသွားပြီဖြစ်သည့်
အချိန်တွေမှစ၍Alcohol တွေနဲ့
Jiminဝေးခဲ့တာကြာပါပြီ။
ဘားတွေလည်းမရောက်ဖြစ်တော့သလို
ကလပ်တွေဆိုတာလည်းဝေးသထက်
ဝေးသွားသည်။
ဝိုင်တွေကိုအရသာခံသောက်နေရင်းမှ တစ်ချက်
ပြုံးမိသွားသေးသည်။

တစ်ဦးကိုတစ်ဦးကြင်နာမိသွားသည့်နောက်မှာ
မသိမသာဖြင့်တိတ်တိတ်လေးတွေ
လိမ်မာခဲ့ကြလေသလားဆိုတာတော့
ကာယကံရှင်တွေကသာပို၍ သိပါလိမ့်မည်။

ဝိုင်တွေသောက်ရင်း ဖုန်းလဲသုံးကာ
ဟိုဟိုဒီဒီလျှောက်ကြည့်နေမိသေးသည်။
အထွေအထူးသတင်းတွေလည်းမဟုတ်ပါဘဲ
အရာရာဟာ စိတ်ဝင်စားစရာလည်းမကောင်းခဲ့ပါ။
ဒါကြောင့်ပဲ လက်ထဲမှဖုန်းအားနံဘေးချကာ
ဝျိုငျတှကေိုအားရပါးရမော့ခလြိုကျသညျ။

ထိုစဥ်ရေချိုးခန်းထဲက ထွက်လာသူသည်
ခါးအောက်ပိုင်းကိုသဘက်တစ်ထည်ပတ်လျက်သာ။

အကြည့်ချင်းတွေဆုံမိသွားတော့ စိတ်ဆိုးနေသူက
မောင့်အားမျက်စောင်းတွေ ထိုးနေသေးသည်။

" ဘာလဲ မကျေနပ်ဘူးလား..."

မောင်သည် ရေစိုနေသောဆံစတွေကို
ပင့်သပ်တင်လျက်မေးလိုက်ပုံက
JeonJungKookဆန်ဆန်
ပေစောင်းစောင်းရယ်။

" မကျေနပ်ဘူး...."

" ထိုးမလား...ဟျောင့် နှုတ်ခမ်းနဲ့..."

မေးငေါ့ပြီးမေးနေပုံကလည်း စိတ်ရှိတိုင်း
ရင်ဘတ်ကြီးကိုတဖျန်းဖျန်းပြေးရိုက်ကာ
ဖျစ်ညှစ်ချင်ပေမယ့်လည်း JeonJiminက
စိတ်ကောက်နေတာလေ။
မျက်လုံးလေးနဲ့ပဲစွေကြည့်လိုက်ပါသည်။

ပန်းချီတွေငိုခြင်းWhere stories live. Discover now